မစ်ရှီဂန်ပြည်နယ် ပွန်ထိရက်ဒေသရှိ အဆောက်အဦများဖြိုဖျက်သည့်ကုမ္ပဏီ တစ်ခုသည် အဆောက်အဦတစ်ခုကို မှားပြီးဖြိုချမိသည်။ ဖြိုချရန်စာရင်းဝင်သော အိမ်၏ပိုင်ရှင်မှာ အိမ်ဖြိုချမခံရအောင် သူ့အိမ်နံပါတ်ကို အိမ်နီးချင်း၏အိမ်၌ သွားရိုက်ထားသည်ဟု စုံစမ်းရေးမှူးများက ယူဆကြသည်။

သခင်ယေရှုကတော့ ဆန့်ကျင်ဘက်ပါ။ လူအများအကျိုးအတွက် သူ့ကိုယ်ပိုင် အိမ်ဖြိုချမည့်စေစားမှုကို သူခွင့်ပြုခဲ့သည်။ ထိုမြင်ကွင်းကို မြင်ယောင် ကြည့်ပါ။ ရှင်ယေရှု၏တပည့်တော်များအပါအဝင် လူတို့စိတ်ရှုပ်ထွေးလိုက်မည်ဖြစ်ခြင်း။ “ဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်” ဟု (ယော ၂:၁၉) သခင်ယေရှုပြောပြီး ဘာသာရေးခေါင်းဆောင်များကို သူစိန်ခေါ်သည့်အခါ တပည့်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြလိမ့်မည်။ ထိုခေါင်းဆောင်များကလည်း “အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ၏။ သင်မူကား သုံးရက်တည်းနှင့် တည်ဆောက်မည်လော”(:၂၀) ဟု စိတ်ဆိုးမာန်ဆိုး ပြန်ပက်ကြသည်။ သို့သော် သခင်ယေရှုက သူ၏ကိုယ်ခန္ဓာဗိမာန်တော်အား ရည်ညွှန်းပြောနေပြီး(:၂၁) ၎င်းတို့က ယင်းကို မသိပါ။

ကျွန်ုပ်တို့ မိမိကိုယ်နှင့် အချင်းချင်းတစ်ဦးနှင့်တစ်ဦးကို ထိခိုက်နာကျင်အောင် လုပ်ဆောင်နေမှုများက နောက်ဆုံး သူ့ခေါင်းပေါ်သို့သာ ကျလာမည်ကို ပြသရန် သခင်ကြွလာကြောင်းကို သူတို့နားမလည်။ သခင်က အပြစ်ကြွေးဆပ်ပေးရပါမည်။

ကျွန်ုပ်တို့ မိမိစိတ်နှလုံးကိုသိသည်ထက် ဘုရားသခင်က အစဉ်အမြဲ ပို၍ သိပါ၏။ ထို့ကြောင့် သူ့အကြံအစည်တော်အပြည့်အစုံကို သူပြုသောနိမိတ် လက္ခဏာများကို မြင်ဖူးသူများ၊ သူ့အား ယုံကြည်သူတို့လက်သို့ပင် ဝကွက်မအပ်နှံခဲ့ပါ (:၂၃-၂၅)။ ထို့နောက်မှ ကျွန်ုပ်တို့ကိုပြောပြလျှင်တောင်မှ ကျွန်ုပ်တို့ နားမလည်နိုင်သော သူ့မေတ္တာတော်နှင့်ကောင်းမြတ်ခြင်းကို ဘုရားသခင်သည် သခင်ယေရှု၏ စကားတော်မှတစ်ဆင့် ဖြည်းဖြည်းချင်းဖော်ပြတော်မူ၏။ Mart DeHaan