သက်လတ်ပိုင်းအဖွဲ့၏ခေါင်းဆောင်အနေဖြင့် ကျောင်းသားများ အခက်အခဲကို ကျော်ပြီး သွားရမည့် လုံခြုံရေးဂီယာခါးပတ်များ ပတ်၍ ၈ ပေမြင့် နံရံကို တက်ပြီး ကျော်လွှားရမည့် အစီအစဥ်ကို ကျွန်မစီစဉ်ခဲ့သည်။ ဆိုင်းကြိုး၏ခိုင်ခံ့မှုကိုစိတ်ချရန်၊ အောက်သို့မကြည့်ဘဲ ရှေ့ဆက်တက်ရန် ရှေ့မှသွားပြီးသူများက နောက်မှ လိုက်လာ သူများကို အားပေးကြသည်။ သိုင်းကြိုး၊ ခါးပတ်များ ဝတ်ဆင်ပေးချိန်တွင် ကျောင်းသူတစ်ယောက်က အတားအဆီးများကို ကြည့်ပြီး “ဒါကို ကျွန်မ လုံးဝ ကျော်လွှားနိုင်မှာ မဟုတ်ဘူး” ဟု ဆိုရှာသည်။ သိုင်းကြိုးများက ခိုင်ခံ့ပါကြောင်း သူ့ကိုအားပေးပြီး နံရံကို တွယ်တက်စဉ်တစ်လျှောက်လုံးနှင့် နောက်ဆုံး အပေါ်သို့ ရောက်သွားသည်အထိ သူ့ကို အားပေး မစခဲ့ရသည်။

မအောင်နိုင်၊ မရင်ဆိုင်နိုင်ပုံပေါ်နေသည့် ပြဿနာကိုရင်ဆိုင်ရစဉ် ကြောက်ရွံ့စိုးရိမ်မှု၊ စိတ်မလုံခြုံမှုခံစားချက်များကြောင့် သံသယစိတ်ဝင်လာနိုင်ရာ၊ ဘုရားသခင်၏မပြောင်းလဲသောတန်ခိုး၊ ကောင်းမြတ်ခြင်းနှင့်သစ္စာတော်အပေါ် စိတ်ချမှုက ခိုင်မာသော ကိုးစားရာသိုင်းကြိုးဖြစ်သည်။ ဤစိတ်ချမှုက ဓမ္မဟောင်း ခေတ်မှ သန့်ရှင်းသူများ၏ရဲရင့်ခြင်းကို မီးထိုးပေးခဲ့သည်။ ဘုရားသခင်၏ အစီအစဉ်ကို အသေးစိတ်သိရန်လိုအပ်ခြင်းထက် ယုံကြည်ခြင်းက ပိုလိုအပ် ကြောင်း သူတို့ပြသခဲ့သည် (ဟေဗြဲ ၁၁: ၁-၁၃၊ ၃၉)။ ခိုင်မာသောခံယူချက်ဖြင့် ဘုရားသခင်ကို ပြင်းပြစိတ်ဖြင့်ရှာစဥ် အများအားဖြင့် ကိုယ်တော်ကိုကိုးစားပြီဟေ့ ဆိုလျှင် မိမိတစ်ကိုယ်တည်းဖြစ်နေတတ်သည်။ ထိုအခါ ကျွန်ုပ်တို့အား စစ်ကြောခြင်းအရာသည် ယာယီသာဖြစ်သည်ကို သိမှတ်လျက်၊ (:၁၃ -၁၆) ကြုံရ သည့် အခြေအနေများကို ထာဝရအမြင်ဖြင့်ကြည့်ကာ ရင်ဆိုင်ရသည့်စိန်ခေါ်မှု ပြဿနာများအား မည်သို့ဖြေရှင်းရမည်ကို ချိန်ကိုက်လုပ်ဆောင်နိုင်ပါသည်။

ဘဝ၏မတ်စောက်သည့် ကုန်းမြင့်များ၌သာ အာရုံစိုက်မိပါက ဘုရားသခင် ပို့ဆောင်ဖြတ်ကျော်ပေးမည်ကို မယုံနိုင်အောင်ဖြစ်လိမ့်မည်။ သို့သော် ကိုယ်တော် အတူရှိကြောင်း သိလျက်၊ မဖြစ်နိုင် မကျော်နိုင်ဟု ထင်ရသည့် အတားအဆီးများကို အောင်နိုင်အောင် ဘုရားရှင်မစမည်ဟု စိတ်ချကိုးစားလျက် မသေချာမရေရာမှု များကို ယုံကြည်ခြင်းသိုင်းကြိုးဖြင့် ကျွန်ုပ်တို့ကာကွယ်နိုင်ပါသည်။ XOCHITL DIXON