လွန်ခဲ့သောနှစ်အတန်ကြာက ဆရာဝန်က ကျွန်ုပ်၏ကျန်းမာရေးနှင့်ပတ်သက်၍ ခပ်တင်းတင်း ပြောဆိုညွှန်ကြားသဖြင့် သူ့စကားကိုနာခံပြီး လေ့ကျင့်ခန်းလုပ်ကာ အစားအသောက်ကိုလည်း ချင့်ချိန်စားသုံးခဲ့သည်။ အချိန်အတန်ကြာသော် ကိုလက်စထရောဓာတ်ကျပြီး ကိုယ်အလေးချိန်လည်း ကျသွားသည်။ မိမိကိုယ်ကို တန်ဖိုးထားမှုမှာကား မြင့်တက်လာသည်။ သို့သော် မကောင်းသည့်အကျင့်တစ်ခုဖြစ်လာသည်။ အခြားသူများ၏အစားအသောက်ရွေးချယ်မှုကိုကြည့်ပြီး ကျွန်ုပ် ဝေဖန်တတ်လာခြင်းဖြစ်သည်။ မိမိကအမှတ်ကောင်းနေလျှင် မိမိကိုယ်ကိုဂုဏ်ယူ တတ်ပြီး အခြားသူကိုနှိမ်မိခြင်းက ရယ်စရာဖြစ်မနေဘူးလား။ အခြားသူများကို ဝေဖန်စီရင်ရန် မိမိရေးဆွဲထားသည့် စံချိန်စံနှုန်း၌ ကုပ်ကပ်တွယ်လိုသည့်သဘော ရှိခြင်းက မွေးရာပါလူ့အတွင်းစိတ်ဖြစ်ပုံရသည်။

ထိုသို့ပြုကျင့်ခြင်းနှင့်စပ်လျဉ်း၍ ဖိလိပ္ပိမြို့သားများကို ရှင်ပေါလု သတိပေး ခဲ့သည်။ အချို့က ၎င်းတို့၏ဘာသာရေးအကျင့်အကြံများ၊ ဓလေ့ထုံးတမ်းများနှင့် လိုက်လျောညီထွေစွာ နာခံလိုက်လျှောက်နိုင်မှုအပေါ် အားကိုးစိတ်ချမှုရှိသည်။ ထိုသို့စိတ်ချကြေးဆိုလျှင် သူက ပို၍ပင်ဝါကြွားစရာအကြောင်းရှိကြောင်း၊ “အခြားသူမည်သူကား၊ ဇာတိ၌ ကိုးစားစရာအကြောင်းရှိသည်ဟုထင်လျှင် ငါမူကား သာ၍ရှိ၏” (:၃-၄)။ သို့သော် “သခင်ယေရှုကို သိသောပညာ” နှင့် ယှဉ်လျှင်(:၈)၊ သူ၏မျိုးရိုး နှင့်ဇာတိပကတိအကျင့်အကြံများသည် အလဟဿ ဖြစ်ကြောင်း ပေါလုသိသည်။ သခင်ယေရှုတစ်ပါးသာ ကျွန်ုပ်တို့ကို အရှိအတိုင်း ချစ်သည်။ ကယ်တင်သည်။ သူနှင့်တိုး၍တူလာနိုင်အောင် တန်ခိုးပေးသည်။ မည်သည့် အကျင့်အကြံမှမလို။

ဝါကြွားခြင်းသဘောသည် ဆိုးပါသည်။ ထိုမျှမက မှားသောတလွဲစိတ်ချမှုကို အခြေခံပြီးဝါကြွားခြင်းက အဆုံးသတ်ပျက်စီးခြင်းဖြစ်သည်။ ဧဝံဂေလိတရား သည် တလွဲစိတ်ချမှုအန္တရာယ်မှ ကျွန်ုပ်တို့ကိုလွဲစေပြီး၊ ကျွန်ုပ်တို့ကိုချစ်လျက် ကျွန်ုပ်တို့အတွက် ကိုယ်ကိုစွန့်သောကယ်တင်ရှင်နှင့် ဆက်ဆံရေးသို့ ဖိတ်ခေါ်သည်။ GLENN PACKIAM