ဂျွန်ဟာပါနှင့် ၆ နှစ်အရွယ်သမီးလေးတို့ တိုင်တဲနစ်သင်္ဘောထဲသို့ ဝင်သွားချိန်တွင် ရှေ့ဆက်ဘာဖြစ်မည်ကို သူတို့ စိုးစင်းမျှမသိခဲ့ပါ။ သို့သော် ယေရှုကို သူချစ်ပြီး အခြားသူများအားလည်း ယေရှုကိုသိစေချင်သည်က သူ့ဆန္ဒပါ။ သင်္ဘောကြီးက ရေခဲတုံးကိုတိုက်မိပြီး သင်္ဘောထဲသို့ ရေများဝင်လာသည်နှင့် ဟာပါသည် သမီးကို အသက်ကယ်လှေပေါ်တင်ပြီးသည်နှင့် လူများကို တတ်နိုင်သမျှကယ်ထုတ်ရန် ပွက်လောရိုက်နေသည့်သင်္ဘောထဲသို့ ပြန်ဝင်သွားခဲ့သည်။ အသက်ကယ်အင်္ကျီကို ဝေပေးရင်း ပါးစပ်မှလည်း “အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ကယ်တင်ခြင်း မရသေးသူတွေ အသက်ကယ်လှေပေါ် အရင်တက်ပါစေ” ဟု အော်ပြောသည်။ သူ၏နောက်ဆုံးထွက်သက်ထိ သူ့အနီးပတ်လည်ရှိလူတို့အား သခင်ယေရှု အကြောင်းကို ဝေမျှပြောကြားခဲ့သည်။ အခြားသူတို့ အသက်ရှင်နိုင်အောင် သူ့အသက်ကို လိုလားစွာ ပေးဆပ်ခဲ့သည်။

သင်နှင့်ကျွန်ုပ် ယခုဘဝအသက်သာမက ထာဝရအသက်ရှင်နိုင်ရေး အတွက် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က သူ့အသက်ကို လိုလားစွာ ပေးဆပ်ခဲ့သူတစ်ဉီးရှိပါသည်။ သခင်ယေရှုက ရုတ်တရက်စိတ်ကူးပေါက်ပြီး လူသား၏အပြစ်အဖိုးအခဖြစ်သည့် သေခြင်းကိုပေးဆပ်မည်ဟု ထပြောခြင်း မဟုတ်ပါ။ သခင်၏အသေခံခြင်းအမှုသည် သူ၏ဘဝပေးတာဝန်ဖြစ်သည်။ ဂျူးဘာသာရေး ခေါင်းဆောင်များနှင့် ဆွေးနွေးပြောဆိုသည့် အဖြစ်အပျက် တစ်ခုတွင် သခင်ယေရှုက “ငါသည် ကိုယ့်အသက်ကို စွန့်၏”ဟူသည့် အချက် ကို ထပ်ခါထပ်ခါ မိန့်ကြားခဲ့သည် (ယော ၁၀:၁၁၊ ၁၅၊ ၁၇၊ ၁၈)။ သခင်သည် အပြောမျှသာမဟုတ်၊ ကားတိုင်ပေါ်တွင် ဆိုးဝါးသောသေခြင်းဖြင့် လက်တွေ့ အမှန်တကယ်အသေခံခဲ့သည်။ ဤသို့အားဖြင့် ဖာရိရှဲများ၊ ဂျွန်ဟာပါနှင့် ကျွန်ုပ်တို့သည် အသက်မက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေမည့် အကြောင်းတည်း (:၁၀)။ ESTERA PIROSCA ESCOBAR