အဲလ်ဘတ်အိုင်းစတိုင်းသည် ချစ်ခင်နှစ်သက်ဖွယ် သူ့မိတ်ဆွေ၊ ထင်ရှားသော ဒတ်ချ်လူမျိုး သိပ္ပံပညာရှင် ဟဲန်ဒရစ် အေ လောရင့်ဇ်၏ စျာပနာ၌ သူတို့၏ သိပ္ပံဆိုင်ရာ အငြင်းအခုန်အကြောင်းများ မပြောဘဲ သက်သောင့်သက်သာ ရှိသည့် လောရင့်စ်၏အပြုအမူ၊ သဘောထားနှင့် အခြားသူအပေါ် မျှတစွာ ဆက်ဆံတတ်မှု၊ “မပျက်ကွက်သောအကြင်နာတရားရှိသူ”ဟု ပြန်ပြောင်း အောက်မေ့သတိရလျက်၊ “သူက သူတစ်ပါးအပေါ်လွှမ်းမိုးဖို့ ဘယ်တော့မှ မစဉ်းစားဘူး။ အသုံးဝင်တဲ့သူဖြစ်ဖို့ပဲ တွေးတယ်လို့ လူတိုင်းခံစားရလို့ သူ့ရဲ့ ဉီးဆောင်မှုနောက်ကို ဝမ်းမြောက်စွာနဲ့လိုက်ကြတယ်” ဟု ပြောကြားခဲ့သည်။

အထူးသဖြင့် ပထမကမ္ဘာစစ်နောက်ပိုင်းတွင် လောရင့်စ်က သိပ္ပံပညာရှင်များ အား နိုင်ငံရေးအရဘက်လိုက်မှုကိုဘေးဖယ်ကာ အတူတကွ ပူးပေါင်းလုပ်ဆောင် ကြရန် နှိုးဆော်ခဲ့သည်။ “စစ်ကြီးမပြီးခင်ကတည်းက ပြန်လည်သင့်မြတ် ငြိမ်းချမ်းရေးအတွက် စိတ်နှစ်ပြီး သူလုပ်ဆောင်ခဲ့တယ်” ဟု သူ၏ လုပ်ဖော် ဆောင်ဖက် နိုဘယ်ဆုရှင်ကြီးလောရင့်စ် အကြောင်းကို အိုင်းစတိုင်းပြောခဲ့သည်။

သင့်မြတ်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခြင်းသည် အသင်းတော်ရှိ လူတိုင်း လုပ်ဆောင်ရမည့် ပန်းတိုင်ဖြစ်သင့်သည်။ အချို့သောပဋိပက္ခများက ရှောင်လွဲ၍မရသော်လည်း ငြိမ်းချမ်းစွာ‌ဖြေရှင်းနိုင်ရေး မိမိလုပ်သင့်ရာကို လုပ်ရ မည်။ ရှင်ပေါလုက “အမျက်မပြေစေဘဲ နေမဝင်စေနှင့်”(ဧ ၄:၂၇)၊ အတူတကွ တိုးတက်ရေးအတွက် “ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသောသူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက် စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြ”ရန်(:၂၉) အကြံပြုသည်။

“ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ် ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း…၊ ခပ်သိမ်းသော မနာလိုခြင်း ကို… သင်တို့မှပယ်ရှားကြလော့။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်းရှိကြလော့”(:၃၁-၃၂)ဟု ရှင်ပေါလုက ပြောပါသည်။ ပဋိပက္ခများ ကျေအေးလိုက်တိုင်း ဘုရားသခင်၏အသင်းတော် တည်ထောင်ရန် အထောက်အကူ ဖြစ်စေပါသည်။ ဤသို့အားဖြင့် ကျွန်ုပ်တို့ ဘုရားသခင်ကို အမှန် ချီးမြှောက်ခြင်းဖြစ်တော့သည်။ PATRICIA RAYBON