ဗစ်ကီ၏ကားမှာ စက်ချို့ယွင်းပြီး ပြင်၍မရတော့သဖြင့် သူသည် ရှိသမျှငွေကို စုလိုက်ပြီး နောက်ကားတစ်စီးဝယ်ရန်စီစဉ်သည်။ တစ်နေ့တွင် ဗစ်ကီအလုပ် လုပ်သည့်စားသောက်ဆိုင်၏ ဖောက်သည်ဖြစ်သူ ခရစ်က သူမအတွက် ကားလိုနေကြောင်း ပြောသံကြားလိုက်သည်။ “ဒီအကြောင်းကိုမစဉ်းစားဘဲ မနေနိုင်ဘူး။ သူ့အတွက် တစ်ခုခုတော့ လုပ်ပေးရမယ်” ဟုခရစ်ပြောသည်။ ထိုကြောင့် (ရောင်းရန် ကြော်ငြာထားသည့်) သူ့သား၏တစ်ပတ်ရစ်ကားကို ဝယ်ယူပြီး ပြုပြင်မွမ်းမံကာ ကားသော့အား ဗစ်ကီထံအပ်ရာ ဗစ်ကီက တအံ့တသြဖြင့် “ဒါဘယ်သူ့လက်ရာလဲ”ဟုကျေးဇူးတင်စွာ ပြောလိုက်သည်။

လက်ကိုဖွင့်လျက် အကူအညီလိုအပ်သူများကို တတ်အားသရွေ့ ပေးလှူခြင်းဖြင့် အသက်ရှင်ကြရန် နှုတ်ကပတ်တော်က ကျွန်ုပ်တို့အား နှိုးဆော်ထားသည်။ တိမောသေပြောသကဲ့သို့ “ငွေရတတ်သောသူတို့အား … သူတစ်ပါးအား ကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုခြင်း၊ … တို့ကိုပြုရမည့် အကြောင်း” ပညတ်ထားသည် (၁ တိ ၆:၁၈)။ ကျွန်ုပ်တို့သည် စေတနာပြ စွန့်ကြဲခြင်းကို လုပ်ဆောင်ခြင်းမျှသာမဟုတ်ဘဲ ပေးကမ်းခြင်းစိတ်သဘောကို အားရရွှင်လန်းစွာ လက်တွေ့ရှင်သန်ပြရန်ဖြစ်သည်။ မြင့်မြတ်သောနှလုံးသား ဖြင့် အသက်ရှင်ခြင်းသည် ကျွန်ုပ်တို့၏ပုံမှန်အသက်ရှင်မှုဖြစ်ပြီး၊ “စွန့်ကြဲ ချင်သောစေတနာစိတ်ဖြင့်” မျှဝေကြရန် (:၁၈) ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။

ဖွင့်ထားပြီး ရက်ရောသည့်နှလုံးသားဖြင့် အသက်ရှင်နေထိုင်ပါက မိမိ၏ လိုအပ်မှုများ ပြတ်လပ်သွားမလားဟု စိုးရိမ်စရာမလိုပါ။ ကျွန်ုပ်တို့၏ကြင်နာ ရက်ရောစွာပေးကမ်းခြင်းသည် “မှန်သောအသက်ကို ကိုင်စွဲခြင်း”(:၁၉) ဖြစ်သည် ဟု ကျမ်းစာက ဆိုထားသည်။ ဘုရားသခင်အဖို့ စစ်မှန်သောအသက်ရှင်ခြင်း၏အဓိပ္ပာယ်မှာ မိမိ၌ရှိသမျှကို ဆုပ်ကိုင်မထားဘဲ အခြားသူများအား နှောင်ကြိုးမဲ့ လွတ်လပ်စွာ ပေးကမ်းခြင်းပင်ဖြစ်သည်။ WINN COLLIER