မေမေနှင့် ကျွန်မတို့ညီအစ်မသည် ဖေဖေ၏ကုတင်ဘေးတွင် ရှိနေပြီး၊ ဖေဖေ၏ အသက်ရှူမှုသည် တဖြည်းဖြည်းနှေးလာပြီး အပြည့်အဝမရှူနိုင်တော့ဘဲ နောက်ဆုံး အသက်ရှူရပ်သွားသည်။ ဘုရားသခင် စောင့်ကြိုနေသည့်အရပ်သို့ ဖေဖေညင်သာစွာထွက်သွားသည်အချိန်တွင် အသက် ၈၉ နှစ်ရှိနေပြီဖြစ်သည်။ သူ၏ထွက်ခွာခြင်းသည် အိမ်တွင် တစ်ခုခုလစ်ဟာနေသကဲ့သို့ခံစားရစေပြီး သူ၏အမှတ်တရများအားဖြင့် ကျွန်မတို့သူ့ကို သတိရမိသည်။ တစ်နေ့သောအခါ ဖေဖေနှင့်ပြန်လည်ဆုံစည်းကြမည်ဟု ကျွန်မတို့မျှော်လင့်ခြင်းရှိပါသည်။

ကျွန်မတို့ ထိုကဲ့သို့မျှော်လင့်ခြင်းရှိရခြင်းမှာ ဖေဖေ့ကိုချစ်သော အဘ ဘုရားသခင်နှင့်အတူ သူရှိနေကြောင်း ကျွန်မတို့ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ ဖေဖေပထမဆုံးအသက်ရှူသွင်းချိန်တွင် ဘုရားသခင်သည် သူ၏အဆုတ်ထဲ သို့ အသက်ကို မှုတ်သွင်းပေးခဲ့သည်(ဟေရှာ ၄၂:၅)။ ပထမဆုံးအသက် မရှုသွင်းမီသာမက သူ့ဘဝတစ်လျှောက်လုံး အသက်ရှူရှိုက်သည့်အခါတိုင်း ဘုရားသခင်သည် သင်နှင့်ကျွန်မတို့၏ဘဝ၌ပြုသကဲ့သို့ပင် ဖေဖေ့ဘဝ၏ အသေးစိတ်ကဏ္ဍများထိတိုင် ပါဝင်လုပ်ဆောင်နေသည်။ ဖေဖေ့အား သူ၏ အမိဝမ်းထဲမှာ ဖုံးအုပ်တော်မူ၍ အံ့ဖွယ်သောအမှုများ ပြုပေးသူသည် (ဆာ ၁၃၉:၁၃-၁၄) ဘုရားသခင်သာလျှင်ဖြစ်သည်။ ဖေဖေ၏နောက်ဆုံး ထွက်သက်၌လည်း ကိုယ်တော်၏ဝိညာဉ်သည် အတူရှိနေပြီး ချစ်မေတ္တာဖြင့် ပွေ့ဖက်လျက် သူနှင့်အတူရှိနေရန် ခေါ်ဆောင်သွားသည် (:၇-၁၀)။

ထိုနည်းတူ ဘုရားသခင်၏သားသမီးများအတွက်လည်း ထိုအတိုင်းပင် ဖြစ်သည်။ ဤလောက၌ အသက်ရှင်ရသည့် တိုတောင်းသောအသက်တာ၏ အချိန်တိုင်းကို ကိုယ်တော်သိသည် (:၁-၄)။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် တန်ဖိုးရှိသူများဖြစ်သည်။ ကျန်ရှိသောအသက်တာ၏နေ့ရက်တိုင်းသာမက တမလွန်အတွက် မျှော်တွေးစောင့်စားလျက် အသက်ရှိသောသူအပေါင်းတို့နှင့် အတူ “ထာဝရဘုရားကို ချီးမွမ်းကြပါစို့” (၁၅၀:၆)။ ALYSON KIEDA