အိမ်ယာမဲ့များ နေထိုင်သည့်ဂေဟာ၌ လာလှူထားသော ဖိနပ်ပုံကြီး ကြည့်မိသည်။ တာဝန်ခံက စီးပြီးသားဖိနပ်ပုံမှဖိနပ်များကို ကူညီရွေးပေးရန် ကျွန်ုပ်တို့ လူငယ်အဖွဲ့ ကို ဖိတ်ခေါ်ခဲ့သည်။ ကျွန်ုပ်တို့သည် ဘက်ညီသောဖိနပ်များကို ရွေးချယ်ပြီး ကြမ်းပြင်ပေါ်၌ အတန်းလိုက်စီထားလိုက်သည်။ ထိုနေ့တစ်မနက်လုံး အချိန် ကုန်ခဲ့သည်။ ကျန်ဖိနပ်တစ်ဝက်ကျော်သည် ဆိုးဆိုးဝါးဝါးပျက်စီးသဖြင့် ပစ်လိုက်ရသည်။ ဂေဟာအနေနှင့် စုတ်ပြတ်နေသောဖိနပ်များကို မလှူဒါန်းရန် မပြောနိုင်သော်လည်း မကောင်းသောဖိနပ်များကို အခြားသူများအား မပေးလိုပါ။

ဣသရေလလူမျိုးတို့သည်လည်း သူတို့၌ရှိသောချို့တဲ့သောအရာများကို ထာဝရဘုရားအား ဆက်ကပ်ခဲ့ကြသည်။ သူတို့၌ သန်မာသောတိရိစ္ဆာန်များ ရှိသော်လည်း မျက်စိကန်းသော၊ ခြေဆွံ့သော၊ နာသောတိရိစ္ဆာန်များကိုသာ ယဇ်ပူဇော်ခြင်းကြောင့် ထာဝရဘုရားသခင်သည် ပရောဖက်မာလခိမှတဆင့် ဣသရေလတို့အား ပြစ်တင်ဆုံးမသည်(မာလ ၁:၆-၈)။ သူမနှစ်သက်၊ လက်မခံကြောင်းသိစေသည် (:၁၀)။ အကောင်းဆုံးအရာများကို သူတို့အတွက် သိမ်းထားခြင်းကို ပြင်းထန်စွာပြစ်တင်ပြီး သူ၏ကြီးမြတ်ထိုက်တန်မှုကို အခိုင်အမာဆိုခဲ့သည် (:၁၄)။ သို့သော် ဘုရားသခင်သည် ကယ်တင်ရှင် မေရှိယကို စေလွှတ်ပေးမည်ဖြစ်ပြီး၊ ထိုသခင်၏မေတ္တာနှင့် ကျေးဇူးတော်သည် သူတို့၏နှလုံးသားကို ပြောင်းလဲစေမည်၊ ဘုရားသခင်နှစ်သက်မည့် ပူဇော်သက္ကာကို ပေးလိုစိတ် ဆောင်ယူလာလိုစိတ်ကို အစပျိုးပေးမည် (၃:၁-၄)။

တစ်ခါတစ်ရံ ဘုရားသခင်အား နှစ်ချို့ကုန်အကျန်များကို ဆက်ကပ်ရန် ကျွန်ုပ်တို့သွေးဆောင်ခြင်းခံရတတ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်အား ချီးမွမ်းထောမနာပြုပြီး သူ့ထံမှအရာခပ်သိမ်းကို လိုချင်မျှော်လင့်သည်။ သို့သော် မိမိဘက်မှ ကိုယ်တော်အား အစအနအကြွင်းအကျန်များကိုသာ ပေးကြသည်။ ဘုရားသခင် ကျွန်ုပ်တို့အတွက် ပြုပေးသမျှကို ဆင်ခြင်သော် ကိုယ်တော်၏ကြီးမြတ်ထိုက်တန်မှုအတွက် ဝမ်းမြောက်စွာ ချီးမြှောက်လျက် မိမိ၏အကောင်းဆုံးကို ဆက်ကပ်ပူဇော်အပ်ပေသည်။ XOCHITL DIXON