ကျွန်တော်ငယ်စဥ်က ကျွန်တော့်ချစ်အဒေါ် အန်တီဘက်တီ အိမ်လာလည်တိုင်း ခရစ္စမတ် ရောက်နေသကဲ့သို့ပင် ဖြစ်သည်။ အဒေါ်က စတားဝါးအရုပ်များ ယူလာပေးပြီး ပြန်ခါနီး မုန့်ဖိုးပေးသွားလေ့ရှိသည်။ သူမ၏အိမ်မှာသွားနေတိုင်း ရေခဲသေတ္တာ၌ ရေခဲမုန့်အပြည့်ထည့်ထားပြီး ဟင်းသီးဟင်းရွက် ဘယ်တော့မှ မချက်ကျွေးပါ။ စည်းကမ်းသိပ်မတင်းကြပ်ဘဲ ကျွန်တော် ညဥ့်နက်မှအိပ်လည်း ရ သည်။ သူမသည် ဘုရားသခင်၏စေတနာစိတ်နှင့်ရက်ရောမှုကို ထင်ဟပ်ပြသူ ဖြစ် သည်။ သို့သော် ကြံ့ခိုင်ကျန်းမာစွာကြီးပြင်းလာနိုင်ရန် အဒေါ်၏လမ်းစဉ်ထက်မက၊ ကျွန်တော်နှင့် ကျွန်တော့်အပြုအမူအပေါ် မိဘများထားရှိသည့် မျှော်လင့်ချက် လို သည်။ ထိုမျှော်လင့်ချက် ပြည့်ဝလာရန် ထိန်းကျောင်းပဲ့ပြင်မှုကိုလည်း လိုအပ်သည်။

သို့သော် ကျွန်တော့်အပေါ် ဘုရားရှင်၏တောင်းဆိုမှုက အန်တီဘက်တီထက် ပိုများသည်။ ကျွန်ုပ်တို့ ငြင်းပယ်လျှင် (သို့) ကိုယ်တော့်ထံမှ ထွက်ပြေးလျှင်ပင် ဘယ်တော့မှမလျော့သည့် ကိုယ်တော်၏ အဆံုးမဲ့ချစ်ခြင်းဖြင့် လွှမ်းမိုးထားစဥ်မှာပင် ကျွန်ုပ်တို့ထံမှ တစ်စံုတစ်ခုကို သူမျှော်မှန်းခဲ့သည်။ ဘုရားရှင်သည် ဣသရေလလူ တို့အား မည်သို့ဘဝရှင်သန်ရမည်ကို သွန်သင်ပြီးပညတ်တော် ၁၀ ပါးကိုပေးခဲ့သည်။ ၎င်းတို့သည် အကြံပေးချက်များ မဟုတ်ဘဲ (ထွ ၂၀:၁-၁၇) မိမိကိုယ်ကို လှည့်စား တတ်သော ကျွန်ုပ်တို့၏သဘောကိုသိလျက် ‘ဘုရားသခင်ကိုချစ်၍ ပညတ်တော် တို့ကို စောင့်ရှောက်ရန်’ (၁ ယော ၅:၂) ကျွန်ုပ်တို့ထံမှ မျှော်မှန်းချက်များဖြစ်သည်။

ဘုရားရှင်၏ပညတ်တော်များကိုစောင့်ခြင်းက လေးသောဝန် မဟုတ်သဖြင့် (:၃) ကျေးဇူးတင်စရာပါ။ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့် ဘုရားရှင်၏ချစ်ခြင်းမေတ္တာနှင့်ဝမ်းမြောက်ခြင်းကို ခံစားလျက် ပညတ်တော်ကို ကျွန်တော်တို့စောင့်ရှောက်နိုင်ပါသည်။ ကျွန်တော်တို့အပေါ်ထားသည့် ဘုရား၏ ချစ်ခြင်းက ရပ်တန့်မသွားပါ။ သို့သော် ကိုယ်တော့်ကို ကျွန်တော်တို့ ပြန်ချစ်မချစ်ကို သိရရန် “ဝိညာဉ်တော်လမ်းပြသည့်အတိုင်း ဘုရား၏ပညတ်များကို ကျွန်ုပ်တို့ နာခံပါသလား”ဟူသည့် မေးခွန်းကို ဖြေရပါမည်။

ဘုရားသခင်ကို ချစ်သည်ဟု ကျွန်ုပ်တို့ပြောနိုင်သော်လည်း ကိုယ်တော့် ခွန်အားဖြင့် ကျွန်ုပ်တို့လုပ်ဆောင်သမျှက အဖြစ်မှန်ကို ပြောပြပါလိမ့်မည်။ WINN COLLIER