“ကောင်းကင်ဘုံ၌ ရှိတော်မူသောအဘဘုရား၊ ကျွန်ုပ်သည် ဆုတောင်းတတ်သူ မဟုတ်ပါ။ သို့သော် ကိုယ်တော်ရှိပြီး ကျွန်ုပ်အသံကိုကြားလျှင် ကျွန်ုပ်ကို လမ်းပြတော်မူပါ။ ကျွန်ုပ်ဘာမှ မလုပ်တတ်တော့ပါ။” ၎င်းသည် (ဝမ်းမြောက်ဖွယ်ကောင်းသော ဘဝတစ်ခု)“Its a Wonderful Life” ရုပ်ရှင်မှ မင်းသား ဂျင်မီစတီးဝပ်သရုပ်ဆောင်သည့် ဇာတ်ကောင်ဂျော့ဘေလီ၏ ဆုတောင်း ချက် ဖြစ်သည်။ ဘေလီ၏မျက်လုံး၌ မျက်ရည်များပြည့်နေသည့် ဇာတ်၀င်ခန်း မှာ ကျော်ကြားလှသည်။ ဇာတ်ညွှန်း၌ ထိုအခန်းမပါသော်လည်း ထိုဆုတောင်းကို ရေရွတ်ရင်း “ဘယ်မှာမှ အားကိုးရာရှာမတွေ့တဲ့လူတွေရဲ့ အထီးကျန် ဆန်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေကို စိတ်မှာခံစားလိုက်ရတယ်” ဟု စတီးဝပ်က ပြောသည်။ ထိုအရာက သူ့စိတ်နှလုံးကို ကြေကွဲစေခဲ့သည်။

ဘေလီ၏ဆုတောင်းကို အနှစ်ချုပ်ပြောရလျှင် ရိုးရိုးလေးပါ။ “ကျွန်ုပ်ကို မစပါ” ဟူ၍ဖြစ်သည်။ ၎င်းသည် ဆာလံ ၁၀၉ ၌ ပါရှိသည့်အချက် အတိအကျပင် ဖြစ်သည်။ ဒါဝိဒ်သည် ဆင်းရဲငတ်မွတ်လျက် နှလုံးနာလျက်ရှိသည်(:၂၂)။ဒူးဆစ်နုံနဲ့လျက် အသားလည်း လျော့ပါ၏(:၂၄)။ အရိပ်ကဲ့သို့ ရွေ့သွားကွယ် ပျောက်တော့မည်(:၂၃)။ သူ့ကိုယ်သူ သူတစ်ပါးတို့၏ကဲ့ရဲ့စရာအကြောင်းဟု ခံစားရသည်(:၂၅)။ အလွန်ကြေကွဲကျိုးပဲ့စွာ ခံစားရချိန်၌ ဘယ်မှာမှ အားကိုးရာကို ရှာမတွေ့ခဲ့ပါ။ ထို့ကြောင့် သူ့အား လမ်းပြပါမည့်အကြောင်း “အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်ကို မစတော်မူပါ”ဟု ဟစ်ခေါ်ခဲ့တော့သည် (:၂၆)။

ကျွန်ုပ်တို့၏ဘဝအသက်တာ၌ နှလုံးကြေကွဲကျိူးပဲ့မှုကြောင့် ထိုသို့အော်ဟစ်ခဲ့ရချိန်များရှိပါသည်။ ထိုသို့သောအချိန်များတွင် မည်သို့ဆုတောင်းရမည်ကို မသိပါ။ သို့သော် ချစ်တော်မူသောအဘဘုရားသခင်သည် မစပါရန် ရိုးရှင်းစွာ ဆုတောင်းသံကိုကြားပြီး တုံ့ပြန်အဖြေပေးလိမ့်မည်။ John blase