တစ်ခါက စုံတွဲတစ်တွဲ၏ဘဏ်အကောင့်ထဲသို့ ဒေါ်လာ ၁၂၀၀၀၀ မတော်တဆ လွှဲပြောင်းဝင်လာရာ သူတို့ဈေး၀ယ်ထွက်ကြသည်။ ပေးဆောင်ရမည့်အခွန်အခများ ကို ပေးချေပြီးနောက် ဘက်စုံသုံးယာဉ်တစ်စီး၊ ရွေ့လျားအိမ်ကားနှင့် ထရပ်ကားနှစ်စီးဝယ်ခဲ့သည်။ ငွေလွှဲမှားကြောင်းကို သိရှိပြီးနောက် ဘဏ်မှ ငွေပြန်ပေးခိုင်းသောအခါ ထိုလင်မယားမှာ ငွေများကို အကုန်သုံးပစ်ခဲ့ပြီဖြစ်သည်။ သို့နှင့် ငွေအလွဲသုံးစားမှုဖြင့် တရားစွဲခံခဲ့ရပြီး တရားရုံးတွင် ယောက်ျားဖြစ်သူက “ကျွန်‌တော်တို့က လွဲမှားတဲ့ ဥပဒေဆိုင်ရာအကြံပေးချက်အချို့ကို ယူခဲ့မိတယ်” ဟု သတင်းထောက်ကို ပြော ကြားခဲ့သည်။ မကောင်းသည့် အကြံဉာဏ်ကိုယူမိခြင်းနှင့် မိမိဥစ္စာမဟုတ်ဘဲ သုံးစွဲမိခြင်းသည် သူတို့၏ဘဝကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ကြောင်း သင်ခန်းစာရခဲ့သည်။

ထို့‌ကြောင့် ဆာလံဆရာက ကျွန်ုပ်တို့ဘဝရှုပ်ထွေးပွေလီမှုကို ရှောင်ရှားနိုင် အောင် အမြော်အမြင်ရှိသောအကြံကို ပေးခဲ့သည်။ တရားတော်၌ မွေ့လျော်ပြီး မင်္ဂလာရှိသူတို့သည် ဘုရားမသိသူတို့၏အကြံဉာဏ်ပေးချက်ကို မလိုက်ဟု ရေးသားခဲ့သည်(ဆာ ၁:၁)။ ပညာမဲ့သော၊ ဘုရားအလိုမရှိသော အကြံပေးချက် များသည် မမြင်ရသောအန္တရာယ်နှင့် ကြီးလေးစွာပေးဆပ်ရမည့် အကျိုးဆက် များကို ဖြစ်စေမည်ဟု သူတို့သိသည်။ ထာ၀ရတည်မြဲမှန်ကန်ပြီး မယိမ်းယိုင်သော သမ္မာကျမ်း၏နှိုးဆော်အားပေးမှုကို ခံယူ(မွေ့လျော်)ပြီး၊ တရားတော်ကို ဆင်ခြင် အောက်မေ့ကြသည်(:၂)။ ဘုရားသခင်၏လမ်းပြမှုကို လိုက်နာခံယူခြင်းက တည်ငြိမ်ပြီး အသီးသီးသောဘဝကို ရရှိစေကြောင်းကို သူတို့သိမြင်သည်(:၃)။

ကိစ္စ ကြီးငယ်မဟူ မိမိ၏အသက်မွေးဝမ်းကြောင်း၊ ငွေကြေး၊ ဆက်ဆံရေးနှင့် အခြားသောအမှုအရေးများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမည်ဆိုလျှင် ကျွန်ုပ်တို့ သည် ကျမ်းစာမှဘုရားရှင်၏ဉာဏ်ပညာ၊ ဘုရားအလိုတော်နှင့်ညီသော အကြံဉာဏ်နှင့် ဝိညာဉ်တော်ဘုရား၏လမ်းပြမှုကို ရှာဖွေရမည်။ ဘဝမပျက်ဘဲ ပြည့်၀ကျေနပ်မှုဖြင့် အသက်ရှင်သန်နိုင်ရေးအတွက် ဘုရား၏လမ်းပြမှုကို ကျွန်ုပ်တို့ မရှိမဖြစ်လိုအပ်ပြီး ၎င်းကို ယုံကြည်စိတ်ချ၍ရသည်။ MARVIN WILLIAMS