ပဲနိ၊ နီကယ်၊ ဒိုင်း၊ ကွာတား စသည့် အကြွေစေ့များသည် တစ်ခါတစ်ရံ တစ်ဒေါ်လာ၏တစ်ဝက်မျှ တန်ဖိုးရှိတတ်သည်။ ထိုအကြွေစေ့များကို အဖိုး၏ ခုတင်ဘေးရှိ စားပွဲပေါ်တွင် တွေ့ရပါမည်။ အဖိုးက ညတိုင်း သူ့အိပ်ထဲမှအကြွေမှန်သမျှကိုထုတ်ပြီး စားပွဲပေါ်တင်ထားလေ့ရှိသည်။ မကြာမီ မြေးများရောက်လာတော့မည်ကို သူသိနေသည်။ ဤနှစ်များအတွင်း မြေးများကလည်း အဖိုးအိမ်သို့သူတို့ရောက်တိုင်း ထိုစားပွဲသို့သာသွားသည့် အကျင့်ဖြစ်နေပါပြီ။ အဖိုးအနေဖြင့် အပိုအကြွေစေ့များကို စုဘူးထဲထည့် (သို့) ဘဏ်၌စုဆောင်းထားနိုင် သော်လည်း မစုပါ။ သူ့အိမ်သို့အလည်လာသည့် အဖိုးတန်ဧည့်သည်တော်များအတွက် ထိုသို့ပြုပေးရသည်ကို သူဝမ်းသာကျေနပ်သည်။

ထိုစိတ်သဘောကို ဝတ်ပြုရာကျမ်း ၂၃ တွင် ဖော်ပြထားပါသည်။ကောက်ပဲသီးနှံများ ရိတ်သိမ်းချိန်တွင် “စပါးကိုရိတ်သောအခါ လယ်ထောင့်ကို အကုန်အစင် မရိတ်ရ” (:၂၂)ဟု မောရှေမှတစ်ဆင့် ဘုရားသခင်က လူတို့ အလိုလိုမသိနိုင်သည့်အချက်ကို မိန့်တော်မူသည်။ အဓိကအားဖြင့် “နည်းနည်းချန်ထားပေးရန်”ဆိုလိုခြင်းဖြစ်သည်။ ၎င်းသည် လူတို့အား သူတို့၏ကောက်ပဲသီးနှံများ၏နောက်ကွယ်တွင် ဘုရားသခင်သည် အဓိကရှိနေပြီး၊ သူတို့ပြည်ရှိ သူစိမ်းတစ်ရံဆံများအား ထိုအနည်းငယ်သောအရာလေးဖြင့် ထောက်ပံ့ရန် သူ့လူများကို ဘုရားရှင်အသုံးပြုတော်မူသည်။

ထိုအတွေးသည် ဤလောက၏အစဥ်အလာသဘောတရား မဟုတ်ပါ။ သို့သော် ၎င်းသည် ကျေးဇူးသိတတ်သော ဘုရားသခင်၏ သားသမီးများကို ကိုယ်စားပြုဖော်ပြသည့် စိတ်ထားဖြစ်သည်။ စေတနာသဒ္ဓါစိတ်ရက်ရောသည့် စိတ်နှလုံးကို ဘုရားရှင်နှစ်သက်သည်။ ထိုစေတနာစိတ်သည် သင်နှင့်ကျွန်ုပ်အားဖြင့် ဖြစ်ပေါ်ပါသည်။ JOHN BLASE