လေယာဥ်မှူး၏တည်ငြိမ်သောအသံနှင့်ကြေညာပြီးသွားသော်လည်း နှောင့်နှေးပြန်ပါပြီ။ ခရီးသည်အပြည့်ဖြစ်သော်လည်း ၂ နာရီ ကြာသည်အထိ လေယာဥ်မရွေ့ သေး၍ ကျွန်မစိတ်မရှည်တော့ပါ။ တစ်ပတ်တာလုံး အလုပ်လုပ်ခဲ့ပြီးနောက် အိမ်ပြန်ပြီး အနားယူလိုလှပါပြီ။ မည်မျှကြာဦးမည်နည်း။ ပြူတင်းပေါက်နားရှိထိုင်ခံုကိုရထား၍ မိုးစက်လေးများတင်နေသည့် ပြူတင်းမှန်မှတစ်ဆင့်လှမ်းကြည့်စဥ် ကွန်ကရစ်လေယာဥ်ပြေးလမ်းကြားမှ တြိဂံပံုအကွက်၌ မြက်ပင်စိမ်းစိမ်းကိုသတိပြုမိလိုက်သည်။ ကွန်ကရစ်များကြားမှ ထိုမြင်ကွင်းလေးက ထူးဆန်းနေပါသည်။

အတွေ့အကြုံရင့်ကျက်သည့် သိုးထိန်းတစ်ဦးအနေဖြင့် ဒါဝိဒ်သည် သိုးများနားနေရန် စိမ်းလန်းသောစားကျက်ကို ရှာဖွေပေးရန်လိုအပ်ကြောင်း ကောင်းစွာသိသည်။ ဆာလံ ၂၃ တွင် အရေးကြီးသော သင်ခန်းစာတစ်ခုကို သူရေးသားခဲ့သည်။ ၎င်းသည် ဣသရေလလူတို့၏ဘုရင်အဖြစ်ဦးဆောင်ရင်း ပင်ပန်းနွမ်းလျချိန်များတွင် သူ့အား ရှေ့ဆက်တက်လှမ်းစေမည့် သင်ခန်းစာဖြစ်သည်။ “ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။ စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၍ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏”(:၁-၃)။

နိုင်လွန်ကတ္တရာ လေယာဥ်ပြေးလမ်းရှိ ကွန်ကရစ်များကြားတွင် မိမိသွားလိုသည့်ခရီးက ကြန့်ကြာနေပြီး နှစ်သိမ့်မှုမဲ့လျက် အနားမရသကဲ့သို့ ခံစားနေရချိန်၌ ကောင်းသောသိုးထိန်းကြီး ဘုရားသခင်သည် ကျွန်မမျက်လံုးများကို စိမ်းလန်းသောအရပ်သို့ ပြညွှန်ခဲ့သည်။ ကိုယ်တော်နှင့် ဆက်သွယ်မှုရှိနေသောအခါ ကိုယ်တော်ပေးသနားသည့် အဆက်မပြတ်‌သောနားခိုရာကို သတိပြုမိပြီးခံယူပါက ငြိမ်သက်ခြင်းချမ်းသာကို တွေ့ရှိနိုင်ပါသည်။

စိမ်းလန်းသောအရပ်ကိုရှာဖွေရန် သင်ခန်းစာကို နှစ်အတန်ကြာမျှ ကျွန်ုပ်စိတ်စွဲနေခဲ့သည်။အသက်တာ၌ ဘုရားသခင်နှင့်အတူဆိုလျှင် ကျွန်ုပ်တို့လိုသောအရာမရှိပြီ။ ကိုယ်တော်သည် စိမ်းလန်းသောကျက်စားရာအရပ်၌ ကျွန်ုပ်တို့ကို အိပ်စေ၍ ကျွန်ုပ်တို့၏ဝိညာဥ်ကိုအားဖြည့်ရွှင်လန်းစေပါသည်။ ELISA MORGAN