အိုက်စ်လန်နိုင်ငံငယ်လေးသည် စာဖတ်သူများ၏နိုင်ငံဖြစ်သည်။ အစီရင်ခံတင်ပြမှုများအရ ဤနိုင်ငံသည် နှစ်စဉ် စာအုပ်ပုံနှိပ်ထုတ်‌ဝေမှုနှင့် လူတစ်ယောက်၏ စာဖတ်သည့်အုပ်ရေက အခြားနိုင်ငံများထက် ပိုများကြောင်း တင်ပြထားသည်။ အိုက်စ်လန် နိုင်ငံသားများ၏အလေ့အထမှာ ခရစ္စမတ်အကြိုနေ့တွင် မိသားစု၀င်နှင့်သူငယ်ချင်းများကို စာအုပ်များပေးလေ့ရှိပြီး ညသန်းခေါင်ထိ စာဖတ်ကြသည်။ ဤအလေ့အထသည် သွင်းကုန်များကို ကန့်သတ်ထားပြီး စက္ကူများ စျေးပေါပေါနှင့်ရသော ဒုတိယကမ္ဘာစစ် အချိန်ကတည်းက ရှိခဲ့သည်။ ဆောင်းဦးနှောင်းပိုင်းတွင် အိုက်စ်လန်မှ ပုံနှိပ်ထုတ်‌ဝေသူများသည် အသစ်သောစာစဉ်များဖြင့် စျေးကွက်ကျဆင်းအောင် စတင်လုပ်ခဲ့သည်။ ယခုအခါ နိုင်ငံ၏အသစ်ထွက်ရှိသော စာအုပ်စာရင်းကို နိုင်ငံတွင်းရှိအိမ်တိုင်းသို့ နို၀င်ဘာလလယ်ခန့်တွင် ပေးပို့ကြသည်။ ဤအလေ့အထကို ခရစ္စမတ်စာအုပ်ပွဲတော်ဟုခေါ်ကြသည်။

အခြားသူများကို ပညာပေးရန်၊ တွန်းအားပေးရန်၊ လှုံဆော်ပေးရန်၊ ကောင်းမွန်သောပုံပြင်၊ အကြောင်းအရာ၊ ဇာတ်လမ်းကို ဖန်တီးနိုင်စွမ်းရှိသူများကို ဘုရားသခင် ကောင်းချီးပေးထားခြင်းအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်သင့်သည်။ စာအုပ်ကောင်းတစ်အုပ်နှင့် တူသောအရာဘာမှမရှိပါ။ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်သည့် သမ္မာကျမ်းစာ၌ စာရေးသူများစွာတို့က “ကဗျာ၊ စကားပြေ၊ ဇာတ်လမ်းကောင်းများ၊ ဇာတ်နာသည့်ဝတ္ထု” စသည်တို့ကို ရေးသားထားသည်။ သို့သော် အကြောင်းအရာအားလုံးသည် စိတ်ကိုလှုံ့ဆော်မှုပေးသည်။ တမန်တော် ရှင်ပေါလုက တိမောသေကို သတိပေးသကဲ့သို့ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူ”(ပြီး) သြဝါဒပေးသည်၊ အပြစ်ကိုဖော်ပြသည်၊ ဖြောင့်မတ်စွာ ပြုပြင်သည်၊ တရားကို သွန်သင်ပေးနေသည်။ ဘုရားသခင်၏လူများကို ကောင်းသော အမှုအမျိုးမျိုးတို့ပြုမည့်အကြောင်း ပြင်ဆင်ပေးသည် (၂တိ ၃:၁၆-၁၇)။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ချက်ကို ခိုင်မာသေချာစေသည်၊ လှုံ့ဆော်မှုပေးသည်၊ ဘုရားသခင်အတွက် အသက်ရှင်ရန် ကူညီပေးပြီး သမ္မာတရားအတိုင်း လမ်းပြပို့ဆောင်ပေးသည်(၂ :၁၅)။

စာဖတ်ရှုသည်တွင် အကောင်းဆုံးသောစာအုပ်ဖြစ်သည့် သမ္မာကျမ်းစာနှင့် မွေ့လျော်အချိန်ယူရန် မမေ့ကြပါနှင့်။ ALYSON KIEDA