ကျွန်တော်တွေ့ဆုံမေးမြန်းသည့်ပုဂ္ဂိုလ်က ကျွန်တော့်မေးခွန်းများကို ယဉ်ကျေးစွာ ပြန်လည်ဖြေကြားသည်။ သို့သော် ကျွန်တော်တို့ကြားတွင် ခံစားချက်တစ်ခုခြားနေသလို ခံစားနေရသည်။ ထိုနောက် “သင်က ထောင်ပေါင်းများစွာသော လူတွေရဲ့ စိတ်ကို အားပေးတက်ကြွစေတယ်”ဟု ကျွန်တော်မှတ်ချက်ပေးမိရာ၊ သူက “ထောင်ပေါင်းများစွာ မဟုတ်ပါဘူး။ သန်းပေါင်းများစွာပါ” ဟု ပြန်ပြောသည်။

ကျွန်တော်၏မသိနားမလည်မှုကို သနားသည့်ပုံစံဖြင့် ထိုပုဂ္ဂိုလ်က သူ၏ ဘွဲ့လက်မှတ်များ၊ အောင်မြင်မှုများ၊ သူ့အကြောင်းကို ဖော်ပြသော မဂ္ဂဇင်း များကို ပြောပြခဲ့သည်။ ကသိကအောင့်နိုင်လှသည့် အခိုက်တန့်ဖြစ်ပါသည်။

ထိုသို့တွေ့ကြုံခဲ့ပြီးနောက် သိနတောင်ပေါ်တွင် မောရှေအား သူမည်သူ ဖြစ်ကြောင်း ဘုရားသခင် ဖော်ပြပုံက ကျွန်တော့်အား ဘဝင်ခိုက်စေသည် (ထွက် ၃၄:၅-၇)။ စကြဝဠာနှင့် ကြယ်စုပေါင်းများစွာကို ဖန်ဆင်းသူနှင့် လူသားတို့ကို တရားစီရင်သောအရှင် ဖြစ်သော်လည်း ဤဂုဏ်ပုဒ်ကို ဘုရားသခင် အသုံးမပြု ခဲ့ပါ။ ထို့အစား သူသည် “မေတ္တာဂရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူသောဘုရားသခင်”(:၆)ဟု သူ့ကိုယ်ကို မိတ်ဆက် ခဲ့သည်။ သူ မည်သူဖြစ်ကြောင်း ဖော်ပြသောအခါ သူ၏ဘွဲ့ဂုဏ်ပုဒ်များ၊ တန်ခိုးအစွမ်းများကို မဖော်ပြဘဲ သူ၏သဘောတော်ကို ဘုရားရှင်ဖော်ပြခဲ့သည်။

ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီဖန်ဆင်းထားပြီး သူ၏စံနမူနာကို လိုက်လျှောက်ရန် ခေါ်ယူစေစားခံရသူများအတွက် (က ၁:၂၇၊ ဧ ၅:၁-၂) ဤအရာသည်လေးနက်ပါသည်။ အောင်မြင်မှုက ကောင်းသည်။ ဘွဲ့လက်မှတ်များ က သူ့နေရာနှင့်သူဖြစ်သည်။ သို့သော် “မည်မျှကရုဏာကြွယ်ဝပြီး မည်မျှ ချစ်မေတ္တာ” ရှိကြောင်းအချက်က အမှန်တကယ် အရေးကြီးဆုံးပင်ဖြစ်သည်။

ကျွန်ုပ်တွေ့ဆုံမေးမြန်းခဲ့သူကဲ့သို့ မိမိ၏အောင်မြင်မှု၊ ထင်ပေါ်မှုများပေါ်တွင် ကျွန်ုပ်တို့ကြွားဝါနိုင်သည်။ ကျွန်ုပ်လည်း ကြွားဝါခဲ့ဖူးသည်။ သို့သော် စစ်မှန်သော အောင်မြင်မှုသည် လိပ်စာကဒ်နှင့် အလုပ်လျှောက်လွှာများတွင် ရေးထားသည့်အရာများမဟုတ်ဘဲ ကျွန်ုပ်တို့ကိုယ်တော်နှင့်မည်မျှတူလာပြီနည်းဟူသောအချက်သာဖြစ်ကြောင်း ကျွန်တော်တို့၏ဘုရားရှင်က စံနမူနာပြခဲ့သည်။ SHERIDAN VOYSEY