ရေဗက္ကာ၏မောင်လင်မယားကြား၌ အိမ်ထောင်ရေးပြဿနာများဝင်လာသဖြင့်ပြန်အဆင်ပြေရန်အတွက် ဝန်တာထားပြီး ရေဗက္ကာ ဆုတောင်းပေးခဲ့သည်။ သို့သော် သူတို့အိမ်ထောင်ကွဲသွားသည်။ ယောင်းမက ကလေးများကို အမေရိကမှ ခေါ်ထုတ်သွားသည်။ ဖအေဖြစ်သူကလည်း ဘာမှစောဒကမတက်ခဲ့ပါ။ ရေဗက္ကာ အလွန်ချစ်ရသော တူမများကို ဘယ်တော့မှပြန်မတွေ့ရတော့ပါ။ နှစ်ပေါင်းများစွာ ကြာမှ သူမက “အဲဒီဝမ်းနည်းစရာအဖြစ်ကို ကိုယ့်ဘာသာ တစ်ယောက်တည်း ဖြေရှင်းဖို့ကြိုးစားခဲ့မိလို့ နှလုံးသားထဲမှာ ခါးသီးမှုတွေ စတင်အမြစ်တွယ်လာပြီး မိသားစုနှင့် သူငယ်ချင်းတွေဆီကိုလည်း ပြန့်သွားတယ်”ဟု ဆိုသည်။

ရုသဝတ္ထုတွင် ပူဆွေးမှုနှလုံးသားမှတစ်ဆင့် ကြီးထွားလာသော ခါးသီးမှုများနှင့် ရုန်းကန်ရသည့် နောမိဆိုသောအမျိုးသမီးအကြောင်း ဖော်ပြထားသည်။ ရေခြားမြေခြားတွင် ခင်ပွန်းသည်ဆုံးပါးပြီးနောက် ၁၀နှစ် အကြာတွင်လည်း သားနှစ်ယောက်လုံးကွယ်လွန်သွားကြပြန်သည်။ ဆင်းရဲနွမ်းပါးစွာဖြင့် ရုသနှင့် သြရပ ဆိုသည့် ချွေးမနှစ်ယောက်နှင့်ကျန်ခဲ့ပြန်သည်(၁:၃-၅)။ နောမိ၏ဇာတိပြည်သို့ နောမိနှင့်ရုသတို့ ပြန်သွားသောအခါ တမြို့လုံးက သူတို့ကိုတွေ့ရန် စိတ်လှုပ်ရှားနေကြသည်။ နောမိက သူ့မိတ်ဆွေများအား “အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။…ငါ့ကို ဆင်းရဲစေတော်မူသည်” ဟု ပြောပြီး(:၂၀-၂၁)၊ အလွန်ခါးသောအရာဟု အနက်ရသော မာရဟု သူ့ကိုခေါ်ရန်ပင် ဆိုခဲ့သည်။

စိတ်ပျက်စရာများ၊ ခါးသီးခံစားရအောင် သွေးဆောင်ခံရမှုများနှင့် မရင်ဆိုင်ဖူးသူ မည်သူတစ်ဦးတစ်ယောက်ရှိပါသနည်း။ နာကျင်ခံစားရအောင် ပြောလာသောစကား၊ မျှော်လင့်ချက်များ ဖြစ်မလာသောအချိန်(သို့) မိမိအပေါ်တောင်းဆိုလာမှု စသည်တို့က ကျွန်ုပ်တို့ကို ခါးသီးနာကျည်းစေပါသည်။ နက်ရှိုင်းသော စိတ်နှလုံးထဲ၌ ဖြစ်ပျက်ခံစားနေရသည်ဟု မိမိကိုယ်ကိုလက်ခံပြီး ဘုရားရှင်ထံအပ်နှံသောအခါ ကျွန်ုပ်တို့၏နူးညံ့ကြင်နာသော ဥယျာဉ်မှူးဘုရားရှင်သည် သေးငယ်သော (သို့) အနှစ်နှစ်အလလက ကြီးထွားရှိနေသော ခါးသီးနာကြည်းမှု အမြစ်များကို တူးထုတ်ကာ ပျော်ရွှင်ဝမ်းမြောက်သောစိတ်ဝိညာဉ်ဖြင့် အစားထိုးပေးမည်ဖြစ်သည်။ ANNE CETAS