တိမ်ထူထပ်လှ၍ မိုးကုပ်စက်ဝိုင်းမှာ ကွယ်နေပြီး အရှေ့ဘက် ကိုက် ၁၀၀ ခန့် မျှသာ မြင်ရသည်။ အချိန်တရွေ့ရွေ့ကုန်ဆုံးစဥ် ရာသီဥတုအပေါ် ကျွန်ုပ်၏ စိတ်ခံစားချက်က သိသာလာသည်။ သို့သော် နေ့ခင်းဘက်ရောက်လာချိန်တွင် တိမ်များပါးသွားပြီး တစ်ဖက်တစ်ချက်၌ တောင်များဝန်းရံထားသည့် ကျွန်ုပ်တို့ မြို့၏အထင်ကရနေရာ လှပသည့်ပိုက်ခ်တောင်ထိပ်ကို မြင်လိုက်ရမှ ကျွန်ုပ်၏ မျက်နှာပြုံးရွှင်သွားသည်။ အရှိကိုအရှိအတိုင်းမြင်ရသည့် ရုပ်ပိုင်းအမြင်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမြင်ပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ကျွန်ုပ်တွေးမိပြီး ‘ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏’ ဟု ကျူးဧနေသော ဆာလံဆရာကို အမှတ်ရစေသည် (ဆာ ၁၂၁:၁)။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် သာ၍မြင့်ရာသို့ မျှော်ကြည့်ရန် လိုအပ်ပါသည်။

ဣသရေလနိုင်ငံပတ်လည်ရှိ တောင်ထိပ်များ၌ နတ်ဘုရားများနှင့် ရံဖန်ရံခါ သူခိုးဓားပြများကို ပူဇော်သည့်ပလ္လင်များ မှိုလိုပေါက်နေသည့်အတွက် ဆာလံ ဆရာက သူ့ကိုမစခြင်းအကြောင်း မည်သည့်အရပ်မှလာသည်ကို တွေးဆင်ခြင် ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ဗိမာန်တော်တည်ရှိရာ ဇိအုန်တောင်ကို ကျော်ပြီး ကောင်းကင်နှင့်မြေကြီးဖန်ဆင်းရှင်သည် သူနှင့်ပဋိညာဉ်ပြုသောဘုရားသခင် ဖြစ်ကြောင်း (:၂) သတိရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ ဖြစ်ပါလေစေ ဝတ်ပြုရန်အတွက် ကျွန်ုပ်တို့အထက်သို့ မျှော်ကြည့်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အခြေအနေများ၊ ပြဿနာများနှင့် စစ်ကြောမှုများ၊ မျက်မှောက်ခေတ် ဘုရားအတု အယောင်များ၏အနှစ်သာရမဲ့ အတိတ်နိမိတ်များကို ကျော်လွန်ပြီး သာ၍မြင့်သော အထက်အရပ်သို့ ကျွန်ုပ်တို့မျှော်ကြည့်ရန်လိုသည်။ ထိုအခါမှသာ ဖန်ဆင်းရှင်နှင့် ကယ်တင်ရှင်၊ ကျွန်ုပ်တို့ကို နာမည်နှင့်တကွခေါ်သောဘုရားရှင်အား ကျွန်ုပ်တို့ တွေ့နိုင်မည်ဖြစ်သည်။ ထိုဘုရားသခင်သည် “သင်၏ထွက်ခြင်းနှင့်ဝင်ခြင်းကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော်မူသော” ဘုရားဖြစ်ပါ၏ (:၈)။ GLENN PACKIAM