(၇) နှစ်ပြည့်မွေးနေ့တွင် ဒေးဗစ်သည် ပြတင်းပေါက်မှန်ကို မတော်တဆခွဲမိ၍ ဖခင်၏လက်ဖြင့် ပထမဦးဆုံး အရိုက်ခံခဲ့ရသည်။ “အဖေက ကျွန်တော့်ကို ကန်တယ်၊ ထိုးတယ်။ နောက်တော့ ပြန်တောင်းပန်တယ်။ သူဟာ ကြမ်းတမ်းတဲ့ အရက်သမား တစ်ယောက်ပါ။ ဒီသံသရာကို အခု အဆုံးသတ်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားနေတယ်”ဟု ဒေးဗစ်ပြောပြခဲ့သည်။

သို့သော် သူ့ရည်မှန်းချက်ပြည့်ရန် အချိန်အတော်ကြာခဲ့သည်။ ထောင်ကျခြင်း၊ ခံဝန်ချက်နှင့်နေရခြင်း၊ ဆေးဖြတ်သည့်ဂေဟာ၌ ဝင်လိုက်ထွက်လိုက်နှင့် သူ၏ ဆယ်ကျော်သက်နှင့် နှစ်ဆယ်ကျော်နှစ်များ ကုန်လွန်ခဲ့သည်။ သူ့အိပ်မက်များ လွှင့်ပျောက်ပြီဟုခံစားရချိန်တွင် ခရစ်တော်ဗဟိုပြု ဆေးဖြတ်ဂေဟာ၌ သခင် ယေရှုနှင့် သိကျွမ်းလာခြင်းအားဖြင့် မျှော်လင့်ခြင်းကို သူတွေ့ရှိခဲ့သည်။

“အရင်က စိတ်ပျက်အားငယ်ခြင်းတွေနဲ့ပဲ အမြဲပြည့်နေတယ်။ အခုတော့ အခြားဦးတည်ချက်တစ်ခုဆီကိုပဲ ကျွန်တော် ကိုယ့်ကိုကိုယ် တွန်းအားပေးတယ်။ မနက်အိပ်ရာကနိုးတဲ့အခါ ကျွန့်တော့်အလိုဆန္ဒတွေကို ကိုယ်တော့်ထံ အပ်နှံပါတယ်လို့ ဘုရားသခင်ကို ပြောတယ်” ဟု ဒေးဗစ်က ပြောပြသည်။

အခြားသူ၏အမှားကြောင့်ဖြစ်စေ၊ မိမိအမှားကြောင့်ဖြစ်စေ ပျက်စီးသွား သည့်အသက်တာဖြင့် ဘုရားသခင်ထံ လာရောက်သည့်အခါ ဘုရားသခင်က ကျွန်ုပ်တို့၏ ကျိုးပဲ့နေသောနှလုံးသားများကိုယူပြီး အသစ်ပြုပြင်ပေးပါသည်။ “လူမည်သည်ကား ခရစ်တော်၌ရှိလျှင်… ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ”(၂ ကော ၅:၁၇)။ ခရစ်တော်၏ မေတ္တာတော်နှင့်အသက်က ကျွန်ုပ်တို့၏အတိတ်သံသရာကို ချိုးဖျက်ပြီး ကျွန်ုပ် တို့အား အနာဂတ်သစ်ကို ပေးသည် (:၁၄-၁၅)။ ထိုနေရာ၌ပင် မဆုံးမသတ်ပါ။ ကျွန်ုပ်တို့၏အသက်တာတစ်လျှောက်တွင် စက္ကန့်မလပ် ဘုရားသခင်ပြုပေးခဲ့သောအမှုနှင့် ဆက်လက်ပြုပေးမည့်အမှုများ၌ မျှော်လင့်ခြင်းနှင့် ခွန်အားကို ရှာဖွေတွေ့ရှိနိုင်ပါသည်။ ALYSON KIEDA