ဒဏ္ဍာရီစကားများအရ ဗြိတိသျှသံစုံတီးဝိုင်းမှူး ဆရာ သောမတ် ဘီးချမ်း (Sir Thomas Beecham)သည် တစ်ချိန်က ဟိုတယ်အဝင်ခန်းမတွင် ထင်ပေါ်သော ရုပ်ရည်သွင်ပြင်ရှိသည့် အမျိုးသမီးတစ်ဦးကိုတွေ့ရာ၊ သူမကိုသိကြောင်း သေချာသော်လည်း သူမ၏နာမည်ကိုမေ့နေသောကြောင့် သူမနှင့်စကားပြောရန် ခေတ္တ ရပ်လိုက်သည်။ စကားပြောနေရင်းမှ သူမ၌ အစ်ကိုတစ်ယောက်ရှိကြောင်း ရေးရေးလေး သတိရလာသည်။ သဲလွန်စရလိုရငြား “အစ်ကိုရော၊ အခြေအနေ ဘယ်လိုလဲ။ အရင်အလုပ်မှာပဲလား”ဟု မေးလိုက်ရာ၊ သူမက “အို အခြေအနေ သိပ်ကောင်းတာပေါ့။ ဘုရင်ပဲ ဆက်လုပ်နေတယ်လေ”ဟု ပြန်ဖြေခဲ့သည်။

ဆရာ ဘီးချမ်း ကဲ့သို့ မည်သူမည်ဝါဖြစ်ကြောင်းမှားခြင်းက မျက်နှာပူစရာ ဖြစ်သော်လည်း အခြားအဖြစ်အပျက်တစ်ခုတွင် သခင်ယေရှု၏တပည့်တော် ဖိလိပ္ပု၏အခြေအနေက ပို၍ပင် စိုးထိတ်စရာကောင်းလိမ့်မည်။ သူက “ခမည်းတော်ကို သူတို့အားပြရန်” သခင်ယေရှုကို တောင်းဆိုရာ၊ “ငါ့ကို မြင်သော သူသည် ခမည်းတော်ကိုမြင်၏”ဟု သခင်ယေရှုတုံ့ပြန်ခဲ့သည် (ယော ၁၄:၈-၉)။ ဘုရားသခင်၏အတုမဲ့သားတော် သခင်ယေရှုသည် ခမည်းတော် မည်သူ ဖြစ်ကြောင်းကို ပြည့်စုံစွာဖော်ပြပြီးဖြစ်သောကြောင့် တစ်ယောက်သောသူကို သိလျှင် အခြားတစ်ယောက်ကိုလည်းသိမည်ဖြစ်သည် (၁၀-၁၁)။

ဘုရားသခင်သည် သူ၏ဂုဏ်အင်္ဂါ၊ ပင်ကိုအရည်အသွေး၊ တစ်ပါးသူအပေါ် အလေးထားမှုများအရ မည်သို့သောဘုရားဖြစ်မည်နည်းဟု တွေးမိပါလျှင် အဖြေ အတွက် သခင်ယေရှုကိုကြည့်ရန်သာ လိုအပ်ပါသည်။ သခင်ယေရှု၏ဂုဏ်အင်္ဂါ လက္ခဏာ၊ အကြင်နာမေတ္တာကရုဏာများက ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာ ကို ဖော်ပြနေပါသည်။ မယုံကြည်နိုင်လောက်အောင် အံ့သြဖွယ်ကောင်းသော ကျွန်ုပ်တို့၏ ဘုရားသခင်အကြောင်းကို ကျွန်ုပ်တို့ နားမလည်နိုင်သော်လည်း သူ့ကိုယ်သူမည်သို့သောဘုရားဖြစ်ကြောင်း သခင်ယေရှုအားဖြင့် ဖော်ပြခြင်းဟူသည့် ကြီးမားသောလက်ဆောင်ကို ကျွန်ုပ်တို့ရရှိထားပါသည်။ CON CAMPBELL