အိုဟိုင်းယိုးပြည်နယ် စင်စင်နာတီရှိ လက်လုပ်လက်စားရပ်ကွက်တွင် “Over the Rhine”တေးဂီတအဖွဲ့သည် တစ်နှစ်တာအတွင်း သူတို့မြို့လေး၏ပြောင်းလဲမှု အကြောင်းများကို ရေးသားစပ်ဆိုကြသည်။ ထိုအဖွဲ့၏တွဲဖက်တည်ထောင်သူ လင်းဖို့ဒက်ဝိုင်လာ က “နှစ်တစ်နှစ်ရဲ့ ပထမဆုံး နှင်းကျချိန်မှာ ထူးမြတ်တဲ့အရာ ဖြစ်လာနေသလို ခံစားရတယ်။ အသစ်တစ်ဖန် အစပြုသလိုမျိုးပေါ့။ မြို့ကြီးက တစ်ဖြည်းဖြည်း အရှိန်ကျလာပြီး တိတ်ဆိတ်မှု ကြီးစိုးလာတယ်”ဟု ရှင်းပြသည်။

နှင်းထူထပ်စွာကျခြင်းကို ကြုံခဲ့ဖူးလျှင် သီချင်းတစ်ပုဒ်မည်သို့ထွက်ပေါ် လာနိုင်သည်ကို သင်သဘောပေါက်လိမ့်မည်။ ဆီးနှင်းများက အမှိုက်နှင့် မွဲပြာ နေသောအရာများကို ဖုံးကွယ်လိုက်ရင်း ကြည်နူးဖွယ် ဆိတ်ငြိမ်အေးချမ်းမှုက တစ်လောကလုံးကို လွမ်းခြုံလိုက်သည်။ ထိုအချိန် တစ်ခဏလေးတွင် မှုန်မှိုင်း သော ဆောင်းရာသီ၏အငွေ့အသက်များ အသက်ဝင်လာကာ ၎င်းကို ခံစား ပျော်မွေ့ရန် ဖိတ်ခေါ်နေတော့သည်။

ယောဘ၏မိတ်ဆွေများထဲမှ ဘုရားကိုမှန်ကန်စွာရှုမြင်တတ်ရန် မစခဲ့သူ ဧလိဟုက ဖန်ဆင်းခြင်းအရာများသည် ကျွန်ုပ်တို့၏အာရုံကို ထိန်းချုပ်နိုင်စွမ်းရှိ ကြောင်း မိန့်ဆိုခဲ့သည်။ “အံ့သြဖွယ်သောအချင်းအရာပါလျက် ဘုရားသခင် သည် အသံတော်နှင့် မိုးချုန်းတော်မူ၏”(ယောဘ ၃၇:၅ )။ မိုးပွင့်ကို “မြေပေါ်မှာ ဖြစ်စေ”၊ သုန်ဖျင်းသောမိုးရေကို “ပြင်းထန်သောမိုးရေ”ဖြစ်စေဟု မိန့်တော်မူ၏။ ထိုသို့သောဘုန်းတော်သည် ဘဝလှုပ်ရှားမှုများကို ရပ်တန့်စေလျက် ခေတ္တရပ်ပြီး မြင့်မြတ်သောဘုရားရှင်ကို ကိုးကွယ်ရန် တောင်းဆိုနေသည်။ “ဖန်ဆင်းတော်မူသောလူအပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်းလုပ်သော အလုပ်ကို ဆီးတားတော်မူ၏”ဟု(:၆-၇) ဧလိဟု မှတ်ချက်ချသည်။

တစ်ခါတစ်ရံ မနှစ်သက်ဖွယ်နည်းလမ်းများဖြင့် သဘာဝတရားက ကျွန်ုပ်တို့ အာရုံကို ဖမ်းစားသည်။ မိမိမည်သို့ပင်ဖြစ်နေဖြစ်နေ၊ ဝန်းကျင်၌ ဘာကိုသတိပြုမိ ပြုမိ ခမ်းနားသော၊ အန္တရာယ်ရှိသော၊ သာမန်မျှသော အချိန်တစ်ခုစီတိုင်းက ကျွန်ုပ်တို့ ချီးမွမ်းကိုးကွယ်ရန် နှိုးဆော်သည်။ ကျွန်ုပ်တို့အတွင်းရှိ ကဗျာဆန်သော နှလုံးသားသည် သန့်ရှင်းသော ဆိတ်ငြိမ်မှုကို တောင့်တနေပါသည်။ TIM GUSTAFSON