ဒေါက်တာပေါလ်ဘရန်း (Dr. Paul Brand) နှင့် ဖိလစ်ရန်စီ (Philip Yancey) တို့ပူးတွဲရေးသားခဲ့သော ‘ကြောက်ခမန်းလိလိ နှင့် အံ့သြဖွယ်ရာဖန်ဆင်းထားခြင်း’ (Fearfully and Wonderfully Made) စာအုပ်တွင် ငှက်ပိတုန်း၏နှလုံးသည် တစ်အောင်စ၏အစိတ်အပိုင်းမျှသာ လေးပြီး တစ်မိနစ်တွင်အကြိမ် (၈၀၀) ခုန်နေ သည်။ ကမ္ဘာ့အကြီးဆုံးသတ္တဝါ ဝေလငါး၏နှလုံးသည် တန်ဝက်ခန့်လေး၍ တစ်မိနစ်တွင် ၁၀ ကြိမ်သာခုန်နိုင်ပြီး သူ့နှလုံးခုန်သံကို ၂မိုင်ကွာမှ ကြားနိုင်သည်။ ၎င်းတို့နှင့်ယှဉ်လျှင် လူ့နှလုံးသည် ထုံထိုင်းစွာလုပ်ဆောင်နေပုံပေါက်သော်လည်း သူ့အလုပ် သူလုပ်နေသည်။ တစ်နေ့လျှင် အကြိမ်ပေါင်း တစ်သိန်း၊ တစ်မိနစ်တွင် အချက်ပေါင်း ၆၅-၇၀ မရပ်မနား ခုန်နေပြီး ကျွန်ုပ်တို့အများစုကို နှစ်ပေါင်း ၇၀ နှင့် အထက် အသက်ရှင်သန်ရန် လုပ်ဆောင်ပေးနေသည်ဟု ဒေါက်တာပေါလ်ဘရန်း က လေ့လာတွေ့ရှိခဲ့သည်။

အံ့ဖွယ်ကောင်းသောနှလုံးသည် ကျွန်ုပ်တို့၏တစ်ဘဝတစ်လုံးကို အကြွင်းမဲ့ ခွန်အားပေးနေပြီး ခြုံငုံကြည့်လျှင် ကျွန်ုပ်တို့၏ခန္ဓာအတွင်းပိုင်းကျန်းမာခြင်းကို တင်စားဖော်ပြသည်။ သို့သော် နှလုံးအစစ်ရော၊ တင်စားထားသောနှလုံးသည် ပျက်စီးတတ်ပေရာ၊ ကျွန်ုပ်တို့ ဘာလုပ်ဆောင်နိုင်မည်နည်း။

ဣသရေလတို့၏ချီးမွမ်းခြင်းခေါင်းဆောင်၊ ဆာလံဆရာအာသပ်သည် ဆာလံ ၇၃ တွင် စစ်မှန်သောခွန်အားသည် အခြားသောနေရာ၊ တစ်စုံတစ်ယောက် ထံမှ လာကြောင်းဖော်ပြထားသည်။ “အကျွန်ုပ်၏အသားနှင့်နှလုံးသည် ပျက်ကြ ပါ၏။ သို့သော်လည်း ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ် အစဉ်အမြဲခံစားရာအဘို့ဖြစ်တော်မူ၏” (:၂၆)ဟု သူရေးခဲ့သည်။ အာသပ်မှန်ပါ သည်။ အသက်ရှင်သောဘုရားသခင်သည် ကျွန်ုပ်တို့၏ အမြတ်ဆုံးသော ထာဝရ ခွန်အားဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသောအရှင်အနေဖြင့် သူ၏ ပြည့်စုံသောတန်ခိုးတော်သည် အကန့်အသတ် မရှိကြောင်း သူသိသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့နှလုံး၏ စစ်မှန်သောအစွမ်းသတ္တိဖြစ်ကြောင်း ရုန်းကန်ရချိန်များ၌ အာသပ်ကိုယ်တိုင် တွေ့ရှိခဲ့သောအချက်ကို ဘဝစိန်ခေါ်မှု များနှင့်ခက်ခဲချိန်များ၌ ကျွန်ုပ်တို့လည်း ရှာဖွေတွေ့ရှိနိုင်ပါစေ။ နေ့ရက်တိုင်းတွင် ကျွန်ုပ်တို့သည် ထိုအစွမ်းသတ္တိ၌ အမှီပြုခိုနားနိုင်ပါသည်။ BILL CROWDER