ကျွန်မ၏ဖခင်သည် အနှစ် ၅၀ ကျော်ထိ စာတည်းဖြတ်ခြင်းလုပ်ငန်းကို ထူးချွန်စွာ လုပ်ကိုင်ခဲ့သည်။ သူ၏စိတ်အားထက်သန်မှုသည် အမှားရှာရန်သာ မဟုတ်ဘဲ ပိုရှင်းလင်းရန်၊ ယုတ္တိရှိရန်၊ အံဝင်ဂွင်ကျရှိရန်နှင့် သဒ္ဒါမှန်ကန်အောင် လုပ်ဆောင် ရန် ဖြစ်သည်။ အဖေသည် အမှားပြင်ဆင်ရန်အတွက် မင်အနီရောင်အစား အစိမ်း ရောင်ကို သုံးသည်။ အစိမ်းရောင်ဘောပင်သည် ပို၍ရင်းနှီးမှုရှိကြောင်းသူခံစား ရပြီး အနီရောင်မျဉ်းစောင်းများသည် အတွေ့အကြုံမရှိသေးသော စာရေးဆရာ အသစ်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သူ့ရည်ရွယ်ချက်မှာ ပိုမိုကောင်းမွန်သောနည်းလမ်းကို ညင်ညင်သာသာထောက်ပြရန် ဖြစ်သည်။

သခင်ယေရှုသည် လူတို့အား အမှားပြင်ဆင်ပေးသောအခါ၌ မေတ္တာဖြင့် လုပ်ဆောင်ခဲ့သည်။ သူတော်ကောင်းယောင်ဆောင်သောဖာရိရှဲများနှင့် ထိပ်တိုက် ရင်ဆိုင်ရချိန် စသည့်အခြေအနေအချို့တွင် (မ ၂၃) သူတို့ကို ပြင်းထန်စွာ ဆံုးမခဲ့ သော်လည်း ၎င်းသည် သူတို့၏အကျိုးအတွက်သာဖြစ်သည်။ သို့သော် သူ့မိတ်ဆွေ မာသအတွက်မူ ညင်သာစွာ ထောက်ပြမှုသာ လိုအပ်သည် (လု ၁၀:၃၈-၄၂)။

သူ၏အပြစ်တင်ဆုံးမခြင်းကို ဖာရိရှဲတို့ ညံ့ဖျင်းစွာ တုံ့ပြန်ချိန်တွင် မာသသည် သူ၏အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်ကျန်ရှိခဲ့သည် (ယော ၁၁:၅)။

အမှားပြင်ပေးခြင်းကို လူတို့ခံရခက်ပြီး နှစ်သက်သူ မရှိသလောက်ဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏မာန်မာနကြောင့် ၎င်းကို ကျေးဇူးတင်စွာ လက်ခံရန် ခက်ခဲသည်။ သုတ္တံကျမ်းတွင် ဉာဏ်ပညာနှင့်ပတ်သက်ပြီး များစွာပြောထားပြီး ဆုံးမခြင်းကို လက်ခံခြင်းသည် ဉာဏ်ပညာနှင့် အသိအမြင်ရှိခြင်း၏လက္ခဏာဖြစ်ကြောင်းညွှန်ပြထားသည် (၁၅:၃၁-၃၂)။

ဘုရားသခင်၏မေတ္တာဖြင့် ပြုပြင်ပေးခြင်းသည် ကျွန်ုပ်တို့၏လမ်းကြောင်း ကို ချိန်ညှိတည့်မတ်ပေးပြီး သူနှင့်နီးကပ်စွာ လိုက်လျှောက်ရန် ကူညီပေးသည်။ ပြုပြင်ပေးမှုကို ငြင်းပယ်သူများအား တင်းကြပ်စွာ သတိပေးသည် (:၁၀)။ သို့သော် သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် ပြုပြင်ပေးမှုကို နာခံတုံ့ပြန်သူသည် ဉာဏ်ပညာနှင့်အသိတရားကို ရရှိမည်ဖြစ်သည်။ ( :၃၁-၃၂ )။ Cindy Hess Kasper