စေးဗီရာနှင့် ခင်ပွန်းသည်တို့သည် အင်္ဂလန်နိုင်ငံ၏ဘုရင်မကြီးနှင့် စကော့တလန်နိုင်ငံ ကပွဲတစ်ခု၌ တွေ့ဆုံခဲ့ပြီးနောက်၊ တော်ဝင်မိသားစုသည် လဖက်ရည် အတူ သောက်ရန် သူတို့ထံအလည်လာမည်ဟု သတင်းရရှိခဲ့သည်။ စေးဗီရာသည် သန့်ရှင်းရေးနှင့် ကြိုတင်ပြင်ဆင်မှုများကို စလုပ်ကာ တော်ဝင်မျိုးနွယ်အား ဧည့်ခံဖို့ အရေး စိတ်လှုပ်ရှားနေတော့သည်။ သူတို့ရောက်မလာသေးမီ ပန်းအိုးထိုးရန် အပြင်၌ ပန်းသွားခူးရင်း သူ့ရင်ခုန်မြန်နေသည်။ ထိုအခါ ဘုရားသခင်က သူသည် ဘုရင်တကာဘုရင်တို့၏ဘုရင်ဖြစ်ပြီး သူမနှင့်အတူ နေ့စဉ်ရှိကြောင်းကို သတိပေး လိုက်သကဲ့သို့ သူမခံစားလိုက်ရသည်။ ချက်ချင်းပင် ငြိမ်သက်ခြင်းကို သူမခံစား ရပြီး “တကယ်တော့ သူက သာမန်ဘုရင်မပါပဲလေ”ဟု တွေးမိသည်။

စေးဗီရာအနေနှင့် မှန်ပါသည်။ တမန်တော်ရှင်ပေါလု ရေးမှတ်ထားသည့် အတိုင်း ဘုရားသခင်သည် “ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်” ဖြစ်ပြီး (၁ တိ ၆:၁၅)၊ ကိုယ်တော်နောက်လိုက်သူများသည် “ဘုရားသခင်၏ သားသမီးများ”ဖြစ်ပါသည် (ဂလာ ၃:၂၆)။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သက်ဆိုင်သောအခါ ကျွန်ုပ်တို့သည် အာဗြံဟံ၏အမွေခံဖြစ်သည် (:၂၉)။ လူမျိုး၊ လူမှုရေးအဆင့်အတန်း (သို့) ကျား၊ မ စသည်ဖြင့် ကျွန်ုပ်တို့ကို ခွဲခြားမှုမရှိဘဲ “ယေရှုခရစ်၌ တလုံးတဝတည်းဖြစ်ကြ၏” (:၂၈)။ ကျွန်ုပ်တို့သည် ရှင်ဘုရင်၏ သားသမီးများဖြစ်ကြသည်။

စေးဗီရာနှင့် ခင်ပွန်းသည်တို့က ဘုရင်မကြီးနှင့် တစ်ဝိုင်းတည်း အံ့ဖွယ် စား သောက်ခဲ့ရသော်လည်း၊ မကြာမီမှာ ဘုရင်မကြီးထံမှ ဖိတ်စာရလိမ့်မည်ဟု ကျွန်မ မမျှော်လင့်မိပါ။ သို့သော်လည်း အရာခပ်သိမ်းထက် အမြင့်ဆုံးသောဘုရားသခင် သည် အချိန်တိုင်း ကျွန်မနှင့်အတူရှိကြောင်း သတိပေးချက်ကိုမူ နှစ်သက်လှသည်။ သခင်ယေရှုကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်သူများသည် (:၂၇) ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း သိမှတ်လျက် စည်းလုံးစွာ နေထိုင်နိုင်ပါ၏။

ဤသမ္မာတရားကို စွဲကိုင်ထားခြင်းက ကျွန်ုပ်တို့အသက်ရှင်ပုံကို မည်သို့ ပုံသွင်းနိုင်မည်နည်း။ AMY BOUCHER PYE