အမေရိကန်စစ်သား ဒက်စမန် ဒေါ့(Desmond Doss)၏ သူရဲကောင်း ဆန်သည့် လုပ်ရပ်ကို ၂၀၁၆ တွင် Hacksaw Ridge အမည်နှင့် ရုပ်ရှင်ရိုက်ခဲ့သည်။ လူ့အသက်မသတ်ရ ဟူသော ခိုင်မာသည့်ခံယူချက်ဖြင့် ဆေးတပ်သားဒေါ့ သည် အသက်စွန့်ရသည့်တိုင် အသက်ကယ်တင်ရန် သူသန္နိဌာန် ချထားသည်။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၌ ကျင်းပသည့် ဒေါ့အား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ပွဲတွင် စစ်အတွင်းပြောင်မြောက်သောစွမ်းဆောင်မှုအတွက် ချီးကျူးမိန့်ခွန်း ၌ အောက်ပါစာသားများပါဝင်သည်။ “ပထမတန်းစားစစ်သည် ဒေါ့သည် လွတ်ရာ ကျွတ်ရာသို့ မရှောင်ဘဲ ပစ်ခတ်မှုဖြစ်ပွားနေသည့်အရပ်တွင် ကျန်ရစ်ပြီး ဒဏ်ရာရ စစ်သည်များစွာကို တစ်ဦးပြီးတစ်ဦး တောင်ကမ်းပါးစွန်းသို့ သယ်ပို့ခဲ့သည်။ … သူသည် ရန်သူ၏အမြောက်နှင့် လက်နက်ငယ်ပစ်ခတ်မှုများကို မတုံ့မဆိုင်း ရဲရင့်စွာ ရင်ဆိုင်လျက် အမြောက်တပ်၏အရာရှိစစ်ဗိုလ်အား ကူညီခဲ့သည်။”

ဆာလံကျမ်း ၁၁ ၌ ဒါဝိဒ်က သူ၏ခိုလှုံရာမှာ ဘုရားသခင်ဖြစ်ကြောင်း အခိုင်အမာခံယုံကြည်ချက်ကြောင့် သူ့ရန်သူများကို ရင်ဆိုင်ခြင်းထက် ထွက်ပြေး ရန် သူ့အားအကြံပြုချက်များကို လက်မခံခဲ့ပါ (:၂-၃)။ “ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏”ဟူသော ရိုးရှင်းသည့်စကား၌ သူ၏ယုံကြည်ခြင်း ပါရှိ ပေါင်းထည့်ထားသည်(:၃)။ ကောင်းစွာအမြစ်စွဲနေသည့် ခိုင်မာယုံကြည်ချက်က သူ၏လုပ်ရပ်ကို လမ်းညွှန်တည့်မတ်သွားစေမည်ဖြစ်သည်။

အပိုဒ်ငယ် ၄-၇ ပါ ဒါဝိဒ်၏စကားများက ဘုရားသခင်၏ကြီးမြတ်ခြင်းကို ချဲ့ထွင်ရှင်းပြထားသည်။ မှန်ပါသည်။ ဘဝအသက်တာသည် တစ်ခါတစ်ရံ စစ် မြေပြင်နှင့်တူသည့် ကျန်းမာရေး၊ ငွေကြေးအခက်အခဲ၊ ပေါင်းသင်းဆက်ဆံရေးနှင့် ဝိညာဉ်ရေးဖိစီးမှုများစသဖြင့် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခံရသောအခါ ကျွန်ုပ်တို့မှာ တောင်ပြေးမြောက်ပြေးနှင့် ခိုလှုံရာကို ရှာကြရသည်။ သို့ဖြစ်၍ ကျွန်ုပ် တို့ ဘာလုပ်သင့်သနည်း။ ဘုရားသခင်သည် စကြဝဠာအရှင်ဘုရင် ဖြစ်ကြောင်း သိမှတ်ပြီး (:၄)၊ သူ၏တိကျပြတ်သားစွာ စီရင်နိုင်သည့် အံ့သြဖွယ်စွမ်းရည်၌ အားရ ရွှင်လန်းခြင်းရှိပါ (:၅-၆)၊ ဖြောင့်မတ်မှု၊ တရားမျှတမှုနှင့် သာတူညီမျှမှုရှိခြင်း ကို ကိုယ်တော်အားရကျေနပ်ကြောင်း စိတ်ချထားပါ (:၇)။ ခိုလှုံရာအတွက် ဘုရားသခင်ထံသို့ အလျင်အမြန် ပြေးသွားနိုင်ပါသည်။ ARTHUR JACKSON