ဘရွတ်ကလင်းပြတိုက်ရှိ အီဂျစ်အနုပညာပြခန်းတာဝန်ခံ အက်ဒွက် ဘလဲဘတ် (Edward Bleiberg) အား ဧည့်သည်များ အများဆုံးမေးသောမေးခွန်းတစ်ခုမှာ “ရုပ်ထုတွေရဲ့ နှာခေါင်းက ဘာကြောင့်ကျိုးနေတာလဲ” ဟူ၍ ဖြစ်သည်။

သဘာဝအရ လွဲရှောင်မရသောဖြစ်ပျက်ခြင်းသဘောကို ဘလဲဘတ် အပြစ်တင်၍မရပါ။ နှစ်ဘက်မြင်ဆေးရေးရုပ်ပုံများပင်လျှင် နှာခေါင်းများ မပါပေ။ ထိုကဲ့သို့သောပျက်ယွင်းမှုက တမင်ရည်ရွယ်ပြီးလုပ်ထားကြောင်း သက်သေမရှိသော်လည်း သူ မှန်းဆပြီး ပြောပြသည်။ အီဂျစ်ဘုရားများကို ရန်သူများက သတ်လိုသဖြင့် “Got Your Nose” “မင်းနှာခေါင်းကို ငါယူလိုက်ပြီ” ဟူသော ကစားနည်းကဲ့သို့ပင် ကျူးကျော်လာသောစစ်တပ်က ရုပ်ထု များ၏နှာခေါင်းကို ချိုးလိုက်သဖြင့် ထိုရုပ်တုများအသက်မရှူနိုင်တော့ပေ။

တကယ်ကြီးလား။ အဲဒါကြောင့်လား။ ဤကဲ့သို့သောဘုရားများနှင့် ဆိုလျှင် သူဒုက္ခရောက်နိုင်ကြောင်း ဖာရောဘုရင် ကြိုသိသင့်သည်။ သူ၌ စစ်တပ်ကြီးနှင့် တစ်နိုင်ငံလုံးက သူ့သစ္စာခံသူများရှိသည်မှာ အမှန်ဖြစ်သည်။ ဟေဗြဲလူများမှာမူ မောရှေအမည်ရှိ ကြောက်တတ်သည့် ဝရမ်းပြေးတစ်ဦးက ဦးဆောင်သည့် ပင်ပန်းနွမ်းနယ်နေသောကျွန်များသာ ဖြစ်သည်။ သို့သော် ဣသရေလလူမျိုး၌ အသက်ရှင်သောဘုရားရှိပြီး ဖာရောဘုရင်၏ဘုရားများ မှာမူ ဟန်ဆောင်သူများသာ ဖြစ်သည်။ ကပ်ဘေး ၁၀ ခု ကြုံပြီးနောက် ၎င်းတို့၏ ဒဏ္ဍာရီ စိတ်ကူးယဥ်အသက်များမှာ အဆုံးသတ်သွားတော့သည်။

ဣသရေလလူများက တစ်ပတ်တာ တဆေးမပါသောမုန့်ကိုစားပြီး (ထွ ၁၂: ၁၇၊ ၁၃:၇-၉) သူတို့၏အောင်မြင်မှုကို တဆေးမဲ့မုန့်ပွဲတော်ဖြင့် ဆင်နွဲကြသည်။ တဆေးက အပြစ်ကိုပုံဆောင်ပြီး လူမျိုးတော်တို့၏ကယ်တင်ခြင်းသည် သူနှင့်သာ လုံးဝသက်ဆိုင်ကြောင်း ဘုရားသခင်က သူ့လူမျိုးတော်တို့အား အမှတ်ရစေလိုသည်။

ကျွန်ုပ်တို့၏ခမည်းတော်ဘုရားက ရုပ်ထုများကို “မင်းတို့နှာခေါင်းကို ငါယူလိုက်ပြီ”ဟုပြောပြီး၊ သူ့သားသမီးများကိုမူ “အသက်ကိုရယူလိုက်ပါ”ဟု မိန့်ကြားသည်။ သင့်ကို အသက်ပေးသောဘုရားသခင်အား အစေခံပြီး ကိုယ်တော်၏မေတ္တာရင်ခွင်၌ နားခိုလိုက်ပါ။ MIKE WITTMER