ဟိမဝန္တာတောင်ခြေအနီးရှိ အိမ်တန်းများ၌ ပြတင်းပေါက်မရှိသည်ကို ခရီးသွား တစ်ဦးက သတိထားမိခဲ့သည်။ ရွာသားအချို့မှာ သူတို့အိပ်နေစဉ်အတွင်း မကောင်းဆိုးဝါးများ ဖောက်ထွင်းဝင်ရောက်လာမည်ကို ကြောက်ရွံ့သောကြောင့် မဖောက်ထွင်းနိုင်သောအိမ်နံရံကို တည်ဆောက်ခြင်းဖြစ်သည်ဟု ဧည့်လမ်းညွှန် က ရှင်းပြခဲ့သည်။ အိမ်ပိုင်ရှင်သည် အလင်းရရန် ပြတင်းပေါက်များ ဖောက်ထား ပါက သူသည် သခင်ယေရှုနောက်တော်လိုက်နေပြီဟု ပြောနိုင်ပါသည်။

ထိုသို့မဟုတ်သော်လည်း အလားတူဖြစ်ရပ်မျိုး ကျွန်ုပ်တို့၌ ဖြစ်နိုင်ပါသည်။ ကြောက်စရာကောင်း၍ ကွဲပြားသောခေတ်ကြီးတွင် ကျွန်ုပ်တို့နေထိုင် နေကြရ သည်။ စာတန်နှင့် သူ၏နတ်ဆိုးများသည် မိသားစုကြား၊ မိတ်ဆွေများ ကြားတွင် ဒေါသနှင့်ပြိုကွဲစေသည်။ တစ်ခါတစ်ရံ နံရံများနောက်သို့ ကျွန်ုပ်ပြေးပုန်းချင် မိသည်။ သို့သော် ယေရှုက ကျွန်ုပ်ကို ပြတင်းပေါက်ဖောက်စေချင်ခဲ့ပါသည်။

ဣသရေလလူတို့သည် နံရံမြင့်ကြီးများ၌ အကာအကွယ်ကို ရှာဖွေခဲ့သည်။ သို့သော် သူတို့၏လုံခြုံမှုသည် သူ့၌သာရှိသည်ဟု ဘုရားသခင် မိန့်ကြားခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်မှစိုးစံပြီး သူ၏နှုတ်တော်ထွက်အားဖြင့် အရာ အားလုံးကို ထိန်းချုပ်သည် (ဟေရှာ ၅၅:၁၀-၁၁)။ ဣသရေလလူတို့သည် ဘုရားထံ လှည့်ပြန်ခဲ့လျှင် ကိုယ်တော်၏ သနားခြင်းကရုဏာကိုခံရပြီး(:၇)၊ ၎င်းတို့ကို သူ့လူမျိုးတော်အဖြစ် ပြန်လည်သိမ်းဆည်းကာ လူမျိုးတကာကို ကောင်းချီးပေး တော်မူလိမ့်မည် (က ၁၂:၁-၃)။ သူတို့ကို ချီးမြှောက်လျက် နောက်ဆုံးတွင် စင်စစ် အောင်ပွဲကိုခံစားစေမည်။ သူတို့၏အောင်ပွဲခံမှုသည် “ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မပျောက်မပျက်ရသော ထာဝရသက်သေ ဖြစ်ရလိမ့်မည်”(:၁၃)။

တစ်ခါတစ်ရံ နံရံများကို ကျွန်ုပ်တို့လိုအပ်သည်။ ပြတင်းပေါက်ပါသောနံရံ သည် အကောင်းဆုံးဖြစ်သည်။ ကျွန်ုပ်တို့အနာဂတ်အတွက် ဘုရားကို ယုံကြည် စိတ်ချကြောင်း ထိုနံရံများက သက်သေပြနေသည်။ ကျွန်ုပ်တို့၏အကြောက် တရားက အမှန်ဖြစ်သလို ကျွန်ုပ်တို့၏ဘုရားသခင်သည်လည်း သာ၍ ကြီးမြတ် သည်။ “လောက၏အလင်းရှင်” ယေရှုကို (ယော ၈:၁၂) ကျွန်ုပ်တို့နှင့် သူ့အား လိုအပ်သူများ မြင်နိုင်အောင် ပြတင်းပေါက်များက ကူညီပေးသည်။ MIKE WITTMER