McLaren 720S ပြိုင်ကားအသစ်တစီးကို ဒေါ်လာ ၃ သိန်းဖြင့် ဝယ်စီးနိုင်သည်။ ထိုကား၏ V8 အင်ဂျင်စက်သည် မြင်းကောင်ရေ ၇၁၀ အားရှိသည်။ နံနက်ခင်း အလုပ်သွားရန် လိုအပ်သည့် စွမ်းအင်ထက်များစွာ ပိုလျှံနေသည်။

သင်သည် သေချာပေါက် ထိုအင်ဂျင်၏စွမ်းအင်အားလုံးကို အသုံးပြုချင်စိတ် ပေါက်ပေလိမ့်မည်။ ဗာဂျီးနီးယားနယ်သားတစ်ဉီးမှာမူ သူ၏ McLaren ပြိုင်ကား သည် အလွန်”မြန်”သောကြောင့် သားနားသော ကားအရောင်းပြခန်းမှ ကားသင်္ချိုင်းသို့ ၂၄ နာရီအတွင်း ရောက်သွားကြောင်း သင်ခန်းစာရခဲ့သည်။ သူသည် ကားဝယ်ပြီး နောက်တစ်ရက်တွင် ထိုကားနှင့်သစ်ပင်ကို ဝင်တိုက်ခဲ့မိ သည်။ (ကျေးဇူးတော်ကြောင့် သူ အသက်မသေခဲ့ပါ။)

သမ္မာကျမ်းစာ၏တတိယအခန်းကြီးတွင် ဆိုးဝါးသည့် ရွေးချယ်မှုနှင့် အပင် တစ်ပင်က ဘုရားသခင်၏ကောင်းသောဖန်ဆင်းခြင်းကို မည်ကဲ့သို့ စွန်းထင်းသွား စေသည်ကို ကျွန်ုပ်တို့သိရသည်။ အာဒံနှင့်ဧဝသည် သူတို့ရှောင်ကြဥ်ရမည့် တစ်ပင်တည်းသောအပင်မှအသီးကို စားခဲ့သည် (က ၃:၁၁)။ သမ္မာကျမ်းစာ စတင်ရုံမျှရှိသေးသော်လည်း ပရာဒိသုဘုံသည် ကျိန်ခြင်း ခံလိုက်ရသည်(:၁၄-၁၉)။ ကျွန်ုပ်တို့ကိုယ်စား ရှင်ယေရှုထမ်းခဲ့သည့်ကားတိုင်ဖြစ်သည့် အခြားသော သစ်တိုင်ကမူ ထိုကျိန်ခြင်းကို ပျက်ပြယ်စေမည်ဖြစ်သည်။ ကားတိုင်ပေါ်တွင် အသေခံခဲ့ခြင်းက သူနှင့်ကျွန်ုပ်တို့ အတူရှိနိုင်မည့် အနာဂတ်အတွက် အဖိုးအခ ဖြစ်သည် (တရား ၂၁:၂၃၊ ဂလာ ၃:၁၃)။

ထိုအကြောင်းသည် သမ္မာကျမ်းစာ၏ နောက်ဆုံးအခန်းကြီးတွင် ပြီးပြည့်စုံခဲ့သည်။ ၎င်းတွင် “အသက်ပင်”သည် “သက်စမ်းရေစီးရာမြစ်” နံဘေးတွင်ရှင်သန်နေသည်ဟုဖော်ပြထားသည် (ဗျာ ၂၂:၁-၂)။ ရှင်ယောဟန်က ဤသစ်ပင်သည် “လူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစရာဖို့” ဖြစ်လိမ့်မည်ဟု ဖော်ပြခဲ့သည် (:၂)။ ပြီးနောက် “နောက်တစ်ဖန် ကျိန်ခြင်းဘေး တစ်စုံတစ်ခုမျှမရှိ” (:၃)ဟု အာမခံ သည်။ ဘုရားသခင်ဖော်ပြလိုသောအရာများသည် ကျွန်ုပ်တို့အားလုံး မျှော်လင့် တောင့်တသော ပျော်ရွှင်ဖွယ်အဆုံးသတ်ဖြင့် ပြီးဆုံးပါသည်။ TIM GUSTAFSON