တစ်ခါတစ်ရံတွင် ကလေးများ၏စကားက ဘုရားသခင်၏စစ်မှန်မှုကို ပိုမို လေးနက်စွာ သဘောပေါက်စေသည်။ ကျွန်မသမီးငယ်စဥ်က သူမအား ဘုရား သခင်သည် ခရစ်တော်နှင့် ဝိညာဉ်တော်အားဖြင့် ယံုကြည်သူသားသမီးများ အထဲ တွင် ကိန်းဝပ်တော်မူသည်ဟု ဆန်းကြယ်သော ခရစ်ယာန်ယံုကြည်ခြင်းကို ပြောပြ ခဲ့သည်။ သမီးငယ်ကို အိပ်ယာ၌သိပ်ရင်း “သခင်ယေရှုက သမီးနဲ့အတူ ရှိတယ်။ သမီးရဲ့အထဲမှာလည်းရှိတယ်” ဟု ပြောလိုက်ရာ၊ သူမက “ယေရှုက သမီးရဲ့ ဗိုက် ထဲမှာ ရှိတာလား” ဟု မေးသည်။ ထိုအခါ ကျွန်မက “သမီးမှ သူ့ကို မမျိုချရ သေးတာ။ ဒါပေမဲ့ ယေရှုက သမီးဘေးနားမှာရှိတယ်” ဟု ပြန်ဖြေလိုက်သည်။

“ယေရှုက သူမ၏ဗိုက်ထဲမှာ ရှိနေသည်”ဟု သမီးလေး၏ တိုက်ရိုက် ဘာသာ ပြန်ဆိုမှုသည် ခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ကျွန်မဆုတောင်း ဖိတ်ခေါ် ခဲ့ခြင်းနှင့် ကျွန်မအထဲသို့ သခင် ဝင်ရောက်ကိန်းဝပ်နေခြင်းကို စဥ်းစားမိစေ သည်။

တမန်တော်ရှင်ပေါလုသည် ဧဖက်မြို့ရှိ ယုံကြည်သူများအတွက် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်း၍ ယုံကြည်ခြင်းအားဖြင့် သူတို့၏စိတ်နှလံုး၌ ယေရှုခရစ်တော်ကိန်းဝပ်ရန် ဆုတောင်းခဲ့သည် (ဧ ၃:၁၇)။ သခင်ယေရှု သူတို့ထဲ၌ ရှိနေခြင်းဖြင့် သူတို့ကို သခင်အဘယ်မျှချစ်သည်ကို နက်နက်နဲနဲ ခံစားသိနိုင်သည်။ ထိုမေတ္တာ၏တွန်းအားပေးမှုဖြင့် ယုံကြည်ခြင်း ကြီးထွားရင့်ကျက်လာမည်။ မှန်သောစကားကိုပြောပြီး အချင်းချင်း စိတ်နှိမ့်ချပြီး နူးညံ့သိမ်မွေ့သော စိတ်နှင့် တစ်ယောက်ကို တစ်ယောက် ချစ်တတ်လာမည် (၄:၂၊၂၅)။

သူ့နောက်တော်လိုက်တို့၏အထဲ၌ သခင်ယေရှု ကိန်းဝပ်ခြင်းဆိုသည်မှာ မိမိအသက်တာတွင် ကိုယ်တော်ကိန်းဝပ်ရန် သူ့အား ခေါ်ဖိတ်လက်ခံသူများကို မေတ္တာတော်သည် အလျင်း မစွန့်ခြင်းဖြစ်သည်။ ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာသည် (၃:၁၉)၊ ကျွန်ုပ်တို့ကို သူ၌ မြဲမြံတည်စေပြီး ကျွန်ုပ်တို့ကို အဘယ်မျှ နက်နက်နဲနဲ ချစ်သည်ကို နားလည်စေပါသည်။

ကလေးငယ်များအတွက် ရေးထားသော “ယေရှု ငါ့ကိုချစ်ပေသည်”ဟူသည့် စကားလေးက ထိမိလှပါသည်။AMY BOUCHER PYE