မက်စီကိုနိုင်ငံ၏လွင်တီးခေါင်ကန္တာရတွင် ပထမဉီးဆံုး နျူကလီးယားလက်နက် ဖေါက်ခွဲခဲ့သည့် ၁၉၄၅ ခုနှစ်၊ ဇူလိုင် ၁၆ မှစ၍ အဏုမြူခေတ်စတင်ခဲ့သည်ဟု သမိုင်းပညာရှင်များက ဆိုသည်။ သို့သော် စကြဝဠာ၏ သေးငယ်သောအစိုင်အခဲ များကို မြင်နိုင်သောတီထွင်မှုများ မတိုင်မီကပင် ဂရိအတွေးအခေါ်ပညာရှင် ဒီမို ခရစ်တပ်စ် (Democritus) (၄၆၀-၃၇၀ ဘီစီခန့်) က အက်တမ်ခေါ် အဏုမြူ၏ တည်ရှိမှုနှင့်အစွမ်းကို ရှာဖွေနေခဲ့ပြီးဖြစ်သည်။ ဒီမိုခရစ်တပ်စ်သည် သူမြင်ရသော အရာ ထက်ကျော်လွန်ပြီး နားလည်ခဲ့ကြောင်း အဏုမြူသီအိုရီက သက်သေပင်။

ယံုကြည်ခြင်းသည် မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းဖြစ် ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ “ယုံကြည်ခြင်းသည် မျှော်လင့် သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏” (ဟေဗြဲ ၁၁:၁)။ ဤစိတ်ချမှုသည် မဖြစ်နိုင်သော ဆန္ဒ၊ စိတ်ကူးယဥ်မှု၏ရလဒ်မဟုတ်ပါ။ ကျွန်ုပ်တို့မမြင်ရသော်လည်း ဤစကြဝဠာ ၌ အမှန်တည်ရှိသည့် ဘုရားသခင်အပေါ် စိတ်ချယုံကြည်ခြင်း ဖြစ်သည်။ လက်တော်နှင့်လုပ်သောအရာများသည် ဘုရားသခင် အမှန်တကယ် ရှိကြောင်းကို ပြသပြီး (ဆာ ၁၉:၁)၊ ဘုရားသခင် ကျွန်ုပ်တို့ကို ချစ်ကြောင်း ခမည်းတော်၏ရင်ခွင်၌ ရှိသော တစ်ပါးတည်းသောသားတော်ယေရှုသည် အဘယ်သူမျှ မမြင်ဖူးသောထာဝရ ဘုရားသခင်၏ ဂုဏ်တော်နှင့် အလိုတော်ကို ထင်ရှားစေသည် (ယော ၁:၁၈)။

ရှင်ပေါလုက “ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှား လျက်၊ ဖြစ်လျက်ရှိကြ၏”ဟု ဖော်ပြထားသည် (တ ၁၇:၂၈)။ ထို့ကြောင့် “မျက်မှောက်မမြင်ဘဲ၊ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ (ကျွန်ုပ်)တို့ ကျင့်ဆောင်ပြုမူ”ကြသည် (၂ ကော ၅:၇)။ အသက်တာခရီးလမ်းတွင် ကျွန်ုပ်တို့ တစ်ယောက်တည်း လျှောက်လှမ်းနေရသည်မဟုတ်ပါ။ မျက်မြင်မရသော ဘုရား သခင်သည် ကျွန်ုပ်တို့လှမ်းသော ခြေလှမ်းတိုင်းတွင် အတူပါရှိပေးနေသည်။ BILL CROWDER