၂၀၁၉ ခုနှစ် အစောပိုင်းက ချာလီ ဗန်ဒါမီယာ (Charlie VanderMeer)သည် အသက် ၈၄ နှစ်တွင် ကွယ်လွန်ခဲ့သည်။ “ကလေးငယ်များအတွက် သမ္မာကျမ်းစာ အချိန်” (Children’s Bible Hour) ရေဒီယို ထုတ်လွှင့်မှု အစီအစဉ်တွင် အစီအစဉ် တင်ဆက်သူအနေနှင့် ဆယ်စုနှစ်များစွာကြာအောင် လုပ်ဆောင်ခဲ့ပြီး သူ့ကို လူများစွာက အန်ကယ်ချာလီအဖြစ် သိကြသည်။ အန်ကယ်ချာလီ မဆုံးမီ တစ်ရက် အလိုတွင် “မင်းသိတဲ့အရာမဟုတ်ဘူး၊ မင်းသိတဲ့သူ။ ဟုတ်တယ်၊ ငါသခင်ယေရှု ခရစ်တော်အကြောင်းပြောနေတာ” ဟု သူ၏သူငယ်ချင်းကို ပြောခဲ့သည်။

ဘဝ၏နောက်ဆုံးအချိန်ကာလရောက်နေသော်လည်း၊ အန်ကယ်ချာလီ သည် လူတိုင်း ခရစ်တော်ကို မိမိ၏ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ် လက်ခံရန် လိုအပ်ကြောင်း၊ ခရစ်တော်အကြောင်းကို မပြောဘဲ မနေနိုင်ခဲ့ပါ။

တမန်တော် ရှင်ပေါလုက ယေရှုခရစ်ကို သိကျွမ်းခြင်းသည် အရေးကြီးဆုံးဟု သူမြင်သည်။ “ထိုမျှမက ငါ၏သခင်ယေရှုကိုသိသောပညာသည် အဘယ်မျှ လောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာ ကဲ့သို့ ငါထင်မှတ်၏။ … ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည် အကြောင်း …” ဟု ဖော်ပြထားသည (ဖိ ၃:၈-၁၁)။ ကျွန်ုပ်တို့ ယေရှုကို မည်သို့ သိကျွမ်းပါသနည်း။ ရော ၁၀:၉ တွင် “သင်သည် သခင်ယေရှုကို နှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလံုးထဲ၌ ယံုကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” ဟု ဖော်ပြထားသည်။

ယေရှုခရစ်တော်၏အကြောင်းအချက်နှင့် အသင်းတော်အကြောင်းကို ကျွန်ုပ်တို့ သိကောင်းသိမည်။ သမ္မာကျမ်းစာနှင့် ရင်းနှီးကျွမ်းဝင်ကောင်း ကျွမ်းဝင် မည်။ သို့သော် ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သခင်၏ ကယ်တင်ခြင်းလက်ဆောင်ကို လက်ခံခြင်းဖြင့် ဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ သိကိုသိရမည့် ပုဂ္ဂိုလ်ဖြစ်သည်။ DAVE BRANON