လစ်ဇ်နှင့် သူမ၏ခင်ပွန်းတို့ တရားဝင်မွေးစားမည့် ကလေး၏မွေးစာရင်းနှင့် နိုင်ငံကူးလက်မှတ်ကို လက်ခံရရှိသောအခါ လစ်ဇ်သည် ဝမ်းသာလွန်း၍ မျက်ရည် ကျခဲ့ရသည်။ မီလမ်ဒါ သည် ယခုအခါ သူတို့၏မိသားစုဝင် သမီးတစ်ဦးဖြစ်လာပြီး အစဥ်အမြဲ အတူတကွ နေထိုင်သွားရတော့မည်ဖြစ်သည်။ တရားဝင်လုပ်ဆောင်မှု အဆင့်ဆင့်ကို သုံးသပ်ကြည့်ရင်း၊ သူမလည်း သခင်ယေရှု၏မိသားစုဝင်တစ်ဦး ဖြစ်လာချိန်က “မှန်ကန်သော လဲလှယ်ခြင်းအမှု” ဖြစ်ခဲ့သည်ကို လစ်ဇ် ဆင်ခြင်မိ သည်။ “မွေးရာပါအပြစ်နှင့် ဘုရားနှင့်ကွဲကွာခြင်း” က ကျွန်ုပ်တို့ကို ချုပ်မထားနိုင် တော့ပါ။ ဘုရားသခင်၏ တရားဝင်မွေးစားခြင်းခံရသော သမီးတစ်ဦးဖြစ်သည့် အတွက် စုံလင်သော ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ပြီဟု သူဆိုသည်။

တမန်တော်ကြီးရှင်ပေါလုတို့ခေတ်က ရောမမိသားစုမှ သားတစ်ဦးကို မွေးစားပါက ထိုသူ၏ တရားဝင် ရပိုင်ခွင့်အလုံးစုံတို့ လုံးဝပြောင်းလဲသွားသည်။ ဘဝဟောင်းတွင် တင်ခဲ့သော ကြွေးမြီမှန်သမျှကို ပယ်ဖျက်ပြီး မိသားစုအသစ်၏ ရပိုင်ခွင့်အားလုံးကို ပိုင်ဆိုင်ခွင့်ရှိသည်။ ရှင်ပေါလုက ခရစ်တော်ကို ယုံကြည်သော ရောမလူမျိုးတို့အားလည်း ခံစားပိုင်ခွင့်အသစ်နှင့်စပ်လျဥ်း၍ သိစေလိုသည်။ သူတို့သည် ဒုစရိုက်နှင့်မဆိုင်၊ အပြစ်စီရင်ခြင်းကို မခံရတော့ဘဲ ယခုအခါ “ဝိညာဉ် ပကတိ”အတိုင်း ကျင့်ကြံနေပြီဖြစ်သည် (ရော ၈:၄)။ ဝိညာဉ်တော်လမ်းပြပေး သောသူသည် ဘုရားသားသမီးအဖြစ် မွေးစားခြင်းခံရသူများဖြစ်သည် (:၁၄-၁၅)။ ကောင်းကင်နိုင်ငံတော်၏နိုင်ငံသားများ ဖြစ်လာသည့်အလျောက် သူတို့တရားဝင် အဆင့်နှင့်ခံစားရပိုင်ခွင့်များ ပြောင်းလဲသွားပါသည်။

ကယ်တင်ခြင်းဆုကျေးဇူးကို ကျွန်ုပ်တို့လက်ခံပါက ကျွန်ုပ်တို့လည်း ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး ခရစ်တော်နှင့်တစ်ပေါင်းတစ်စည်းတည်းဖြစ်လျက် သခင့်နိုင်ငံတော်၏အမွေစားအမွေခံများဖြစ်လာပါပြီ။ သခင်ယေရှု အသက်စွန့်ပြီး ကိုယ်ကျိုးစွန့်ခဲ့ခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်ကြွေးများကို ချေဖျက်ခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့၏အသက်တာတွင် ကြောက်ရွံ့ခြင်းနှင့် ပြစ်တင်ဝေဖန်ရှုတ်ချခြင်းတို့ကို ခံစားရန် မလိုတော့ပါ။ AMY BOUCHER PYE