Baikal (ဘေကယ်လ်) ရေကန်သည် ကမ္ဘာ့အနက်ရှိုင်းဆုံးကန်ဖြစ်ပြီး ကျယ်ပြန့်၍ အံ့မခမ်းလှပသည်။ ၁ မိုင် အနက်ရှိပြီး၊ အလျား မိုင် ၄၀၀ (၆၃၆ ကီလိုမီတာ)၊ အနံ ၄၉ မိုင် (၇၉ ကီလိုမီတာ) နီးပါးရှိသည်။ ကန်ထဲ၌ ကမ္ဘာပေါ်ရှိ ရေချိုအားလုံး၏ ငါးပုံတစ်ပုံ ရှိသည်။ သို့သော် ဤရေများကို လူတို့မရရှိနိုင်ပါ။ Baikal ရေကန်သည် ရုရှားနိုင်ငံ၏အခေါင်ဆုံးဒေသတစ်ခုဖြစ်သည့် ဆိုက်ဘေးရီးယားလွင်ပြင်တွင် တည်ရှိသည်။ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်အတွက် ရေအလွန်လိုအပ်နေသော်လည်း လူများစွာတို့ မရယူနိုင်သည့်နေရာ၌ ရေအများအပြားရှိနေခြင်းက စိတ်မကောင်းစရာ ဖြစ်ပါသည်။

Baikalရေကန်သည် ဝေးလံခေါင်သီသောအရပ်၌ရှိနေဦးတော့၊ အလိုအပ် ဆုံး သူတို့တွေ့ရှိရယူနိုင်သော မကုန်ခမ်းသည့် အသက်ရေ အရင်းအမြစ် တစ်ခုရှိသည်။ ရှမာရိမြို့ရှိ ရေတွင်းတစ်တွင်း၌ ရှင်ယေရှုသည် အမျိုးသမီး တစ်ဦးနှင့် စကားစမြည်ပြောဆိုပြီး သူမ၏နက်ရှိုင်းသော ဝိညာဉ်ရေးရာ ဆာငတ်မှုကို စူးစမ်းခဲ့သည်။ သူမနှလုံးသားလိုအပ်ချက်အတွက် အဖြေမှာ ရှင်ယေရှုကိုယ်တိုင်ပင် ဖြစ်သည်။

သူမလာရောက်ခပ်ယူသည့် ရေတွင်းမှရေနှင် ယှဥ်လျှင် ပို၍ကောင်းသော အရာကို ယေရှုပေးခဲ့သည်။ “ယေရှုကလည်း ဤရေကို သောက်သောသူသည် နောက်တစ်ဖန် ရေငတ်ဦးမည်။ ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဥ်မပြတ်ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏” (ယော ၄:၁၃-၁၄) ။

အရာများစွာက ကျေနပ်မှုကိုပေးမည်ဟု ဆိုသော်လည်း ကျွန်ုပ်တို့၏ငတ်မွတ် နေသောနှလုံးသားကို ဘယ်တော့မှအပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပါ။ သခင်ယေရှုတစ်ပါးတည်းသာ ကျွန်ုပ်တို့၏ဝိညာဥ်ရေးရာငတ်မွတ်မှုကို အမှန် ကျေနပ်စေနိုင်ပြီး သူ၏ထောက်ပံ့ခြင်းကို လူသားတိုင်း၊ နေရာတိုင်း ရရှိနိုင်သည်။ BILL CROWDER