သူမဘဝ၏နောက်ဆုံးနေဝင်ချိန်တွင် Mrs. Goodrich (ဒေါ်ဂွတ်ရစ်ချ်)၏ အတွေး ၌ စိန်ခေါ်မှုနှင့် ကျေးဇူးတော်များပြည့်နှက်သော ဘဝ၏အမှတ်ရစရာနှင့်အတူ မပီပြင် ဝိုးတဝါး ဖြစ်နေသည်။ သူသည် ပြတင်းပေါက်အနီးထိုင်လျက် အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်၏ Grand Traverse ကမ်းရိုးတန်းရေပြင်ကျယ်ကိုကြည့်ရင်း မှတ်စုစာအုပ်ထဲ၌ အောက်ပါအတိုင်းရေးခဲ့သည်။ “အခု ပြတင်းပေါက်ဘောင်ပေါ် ခြေထောက်တင်ပြီး ကျွန်မအကြိုက်ဆုံးထိုင်ခုံလေးမှာ ထိုင်နေတယ်။ နှလုံးသား ကတော့ လေနှင်ရာပေါ့။ ရေလှိုင်းတွေပေါ်မှာ နေခြည်ဖြာဆင်းလို့ ကျွန်မ မသိနိုင်တဲ့ နေရာအထိ ထိုးဖောက်သွားတယ်။ ကောင်းကင်ဘုံရှင်အဘ၊ ရေတွက်လို့မကုန်တဲ့ ဆုကျေးဇူး၊ ထာဝရမေတ္တာအတွက် ကျေးဇူးတင်ပါ၏။ ဒါတွေဟာ ဘယ်လို ဖြစ်နိုင်မှာလဲဆိုပြီး တွေးမိလိုက်တိုင်း အမြဲအံ့အားသင့်ရပါတယ်။ အဲ့ဒါကြောင့် မမြင်တွေ့နိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးကို ကျွန်မအရမ်းချစ်မိသွားတာပါပဲ။”

တမန်တော်ရှင်ပေတရုသည်လည်း ထိုအံ့ဖွယ်အမှုများနှင့်ကြုံခဲ့ဖူးသည်။ သခင်ယေရှုကို သူ့မျက်စိဖြင့် တပ်အပ်မြင်ခဲ့သော်လည်း သူရေးခဲ့သောစာစောင်ကို ဖတ်ရှုမည့်သူများမှာမူ ယေရှုကိုမမြင်ဖူးကြပါ။ “ထိုသခင်ကို သင်တို့သည် မမြင်ဖူး သော်လည်း … ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့်စပ်ဆိုင်သော၊ ပြော၍ မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်”ဟု ရေးသားခဲ့သည် (၁ပေ ၁:၈)။ သခင်ယေရှုကို ချစ်ရမည်ဟု အမိန့်ပေးခြင်းကြောင့် ကျွန်ုပ်တို့ ချစ်ကြသည် မဟုတ်၊ ဝိညာဥ်တော်၏ကူညီမစမှုဖြင့် (:၁၁)၊ သခင် ကျွန်ုပ်တို့ကို အဘယ်မျှလောက်ချစ်ကြောင်းသိမြင်လာခြင်းကြောင့် ကိုယ်တော်အား ချစ်ခြင်းဖြစ်သည်။

၎င်းသည် ကျွန်ုပ်တို့ကဲ့သို့လူများကို ဘုရားရှင် ဂရုစိုက်ကြောင်း ကြားရခြင်း သာမက အသက်တာ၏အချိုးအကွေ့တိုင်း၌ အံ့သြဖွယ် မျက်မြင်မရသောဘုရား၏ မျက်မှောက်တော်နှင့် ဝိညာဥ်တော်ကို သက်ဝင်စေသည့် ခရစ်တော်၏ကတိတော် အား ကျွန်ုပ်တို့ ကိုယ်တိုင်လက်တွေ့ခံစားရရှိခြင်းဖြစ်သည်။