သြဗရီ သည် သက်ကြွယ်အရွယ်ဖခင်ကြီးအတွက် သားမွေးကုတ်အင်္ကျီတစ်ထည် ဝယ်ယူခဲ့သော်လည်း ၎င်းကို မဝတ်လိုက်ရမီမှာပင် ဖခင်ကွယ်လွန်သွားသည်။ ထို့ကြောင့် သူသည် ခွန်အားပေးစာတိုလေးတစ်စောင်နှင့် ဒေါ်လာ ၂၀ တန် တစ်ရွက်ကို အင်္ကျီအိတ်ထဲထည့်ကာ လူမှုရေးအဖွဲ့သို့ ပေးလှူခဲ့သည်။

မိုင် ၉၀ ကွာဝေးသည့်အရပ်တွင် သူ့မိသားစု၏ အဆင်မပြေမှုဒဏ်ကို မခံနိုင်တော့၍ ၁၉ နှစ်အရွယ် ကယ်လီ သည် ကုတ်အင်္ကျီကိုပင် ကောက်မဝတ်နိုင်တော့ဘဲ အိမ်မှထွက်လာခဲ့သည်။ သူသွားနိုင်သည့်တစ်ခုတည်းသောနေရာမှာ သူ့အတွက် ဆုတောင်းပေးနေသည့် အဘွား၏အိမ်သည်သာ ဖြစ်ကြောင်းကို သူသိထားသည်။ နာရီပေါင်းများစွာ ကားစီးခဲ့ပြီးနောက် ဘတ်စ်ကားပေါ်မှအဆင်း အဘွား၏ရင်ခွင်ထဲ ပြေးဝင်ခဲ့သည်။ ဆောင်းလေအေးဒဏ်မှ သူ့ကိုကာပေးရင်း “သားအတွက် ကုတ်အင်္ကျီတစ်ထည်ဝယ်ရအောင်”ဟု အဖွားက ပြောသည်။ သာသနာပြု စတိုးဆိုင်တွင် သူကြိုက်သည့်ကုတ်အင်္ကျီကို ကယ်လီ စမ်းဝတ်ကြည့် လိုက်သည်။ အင်္ကျီအိတ်ထဲလက်နှိုက်လိုက်ရာ ဒေါ်လာ ၂၀ တန် ငွေစက္ကူတစ်ရွက်နှင့် သြဗရီ ၏ ခွန်အားပေး စာတိုလေးပါသည့် စာအိတ်ကို တွေ့လိုက်ရသည်။

ယာကုပ်သည် သူ့မိသားစုတွင်းအဆင်မပြေဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ် ရ၍ အိမ်မှထွက်ပြေးခဲ့သည် (က ၂၇:၄၁-၄၅)။ ညအချိန်တွင် ယာကုပ်၏အိပ်မက်၌ ဘုရားသခင်သည် သူ့ကိုယ်ကို ကိုယ်ထင်ပြလျက် “ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်”ဟု ပြောကြားခဲ့သည် (၂၈:၁၅)။ ယာကုပ် သည်လည်း “ဘုရားသခင်သည် ငါ့ဘက်၌ရှိလျက် … စားစရာအစာ၊ ဝတ်စရာ အဝတ်ကို ပေးသနားတော်မူလျှင် … ထာဝရဘုရားသည် ငါ၏ဘုရားဖြစ်တော်မူ (မည်)” ဟု သစ္စာကတိပြုခဲ့သည် (:၂၀-၂၁)။

ယာကုပ်သည် အဖြစ်သဘောလေး ယဇ်ပုလ္လင်တည်ဆောက်ပြီး ၎င်းကို “ဘုရားသခင်၏ဗိမာန်” ဟု အမည်ပေးခဲ့သည် (:၂၂)။ ကယ်လီသည် သူသွားလေရာရာ၌ သြဗရီ ၏ခွန်အားပေးစာတိုလေးနှင့် ဒေါ်လာ ၂၀ တန်ကို ယူသွားသည်။ ကျွန်ုပ်တို့ မည်သည့်အရပ်ကိုပဲပြေးပြေး၊ ဘုရားသခင်သည် ထိုနေရာ၌ရှိနေကြောင်း ၎င်းတို့က သတိပေး အမှတ်ရနေပါသည်။