Joni Eareckson Tada (ဂျိုနီ အဲရစ်စန် တာဒါ)သည် ရေကူးခြင်း၌ မတော်တဆဖြစ်မှုကြောင့် တစ်ကိုယ်လုံးအကြောသေသွားပြီး အိမ်သို့ပြန်လာ သောအခါ သူမဘဝ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဘီးတပ်ကုလားထိုင်ဖြင့် ဝင်ရန် တံခါးပေါက်များက ကျဉ်းနေပြီး လက်ဆေးကန်လည်း အရမ်းမြင့်သွား သည်။ မိမိဘာသာ စားသောက်နိုင်ရန် မသင်ယူခင် တစ်စုံတစ်ဦးက သူမကို အစာခွံ့ရသည်။ ဇွန်းကို ပါးစပ်ထဲသွင်းရန် လက်မောင်းကို ပထမဆုံးအကြိမ် လှုပ်လိုက်သည့်အခါ ပန်းသီးဆော့စ်များ အင်္ကျီပေါ် ဖိတ်စင်သွားသည့်အတွက် ရှက်ရွံ့မှုကို ခံစားခဲ့ရသည်။ သို့သော် သူမရှေ့ဆက်ခဲ့သည်။ သူမပြောခဲ့သလိုပင် “ကျွန်မရဲ့ လျှို့ဝှက်ချက်က သခင်ယေရှုအပေါ်မှီခိုပြီး၊ အိုး … ဘုရားသခင် ဒါလုပ်နိုင်ဖို့ ကျွန်မကိုကူညီပါလို့ ပြောနိုင်ဖို့ သင်ယူခဲ့ရခြင်း”ပင်ဖြစ်သည်။ ယနေတွင် သူသည် ဇွန်းကို ကောင်းကောင်း ကိုင်တွယ်နိုင်ပြီဖြစ်သည်။

Joni က သူမ၏အကန့်အသတ်သည် အခြားသောချုပ်နှောင်မှုတစ်ခုကို မြင်လာစေသည်ဟု ဆိုပါသည်။ ရောမထောင်၌ အကျဉ်းချခံရပြီး ဖိလိပ္ပိ မြို့သား များထံ စာရေးခဲ့သူ တမန်တော်ရှင်ပေါလုအကြောင်း ဖြစ်ပါသည်။ “ငါသည် တွေ့ကြုံသမျှအခြင်းအရာတို့၌ ရောင့်ရဲသောစိတ်ရှိအံ့သောငှာ သင်မိပြီ” (ဖိ ၄:၁၁) ဟူသည့် ရှင်ပေါလုရရှိခဲ့သည့် သင်ခန်းစာကို Joni သင်မိရန် ကြိုးစားခဲ့ရသည်။ မှတ်သားရန်မှာ ရှင်ပေါလုသည် သူ့သဘာဝကိုက ငြိမ်ဝပ်သူ မဟုတ်သဖြင့် ငြိမ်သက်ခြင်းရှိရန် သင်ယူခဲ့ရသည်။ သူမည်ကဲ့သို့ ရောင့်ရဲမှုကို ရှာတွေ့ခဲ့သနည်း။ ခရစ်တော်ကို ကိုးစားခြင်းဖြင့် ရရှိခဲ့သည်။ “ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏”(:၁၃)။

စိန်ခေါ်မှုအမျိုးမျိုးကို နေ့ရက်စဥ်တိုင်းတွင် ကျွန်ုပ်တို့အားလုံး ကြုံတွေ့ရပါ သည်။ ကျွန်ုပ်တို့အားလုံးသည် အကူအညီ၊ ခွန်အားနှင့်ငြိမ်သက်ခြင်းအတွက် သခင်ယေရှုကို တစ်ချိန်ပြီးတစ်ချိန် မျှော်ကြည့်ပြီး တောင်းလျှောက်နိုင်သည်။ မိမိ ချစ်ရသူအပေါ် အမျက်မထွက်မိအောင် သခင်တားဆီးပေးနိုင်သည်။ ခက်ခဲသည့်အရာ နောက်တစ်ခုကို လုပ်ဆောင်နိုင်ရန် ခွန်အားပေးသည်။ သခင့်ထံ မျှော်ကြည့်ပြီး ကျေနပ်ရောင့်ရဲမှုကိုရယူပါ။