ဒုတိယကမ္ဘာစစ်အတွင်း နာဇီများသည် Franz Jägerstätter (ဖရန်စီရာ ရှတယ်တာ)ကို စစ်မှုထမ်းရန် ခေါ်သွားပြီး စစ်ရေးအခြေခံသင်တန်း ပြီးဆုံးသွား သော်လည်း Adolf Hitler (အဲဒေါ့ဖ် ဟစ်တလာ)အပေါ် သစ္စာခံရန် ကတိကဝတ် ပြုရန် သူငြင်းဆိုခဲ့သည်။ Franz ကို အာဏာပိုင် များက သူ့ယာတောသို့ ပြန်ခွင့်ပြုခဲ့ သော်လည်း နောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်ခံခဲ့ရသည်။ နာဇီ တို့၏အတွေးအခေါ်ကို အနီးကပ်ရှုမြင်ခဲ့ရပြီး ဂျူးလူမျိုးများကို မျိုးတုံးသတ်ဖြတ်မှု အကြောင်း သိရပြီးနောက်တွင် Franzသည် နာဇီဘက်မှ ဘယ်သောအခါမှ တိုက်ခိုက်ပေးမည်မဟုတ်ဟု ဘုရားရှင်ထံ သစ္စာပြုခဲ့သည်။ သူအဖမ်းခံရပြီး ကွပ်မျက်ခြင်းခံခဲ့ရသည်။ ဇနီးသည်နှင့် သမီးသုံးယောက် ကျန်ရစ်ခဲ့သည်။

သမိုင်းတစ်လျှောက် ယုံကြည်သူများအား အသက်ကိုခြိမ်းခြောက်ပြီး ဘုရား သခင်ကို စွန့်ပစ်ရန် အမိန့်ပေးသောအခါ သူတို့အခိုင်အမာငြင်းဆိုခဲ့ကြသည်။ ဒံယေလ၏အဖြစ်အပျက်သည် ထိုသို့သောအကြောင်းအရာများထဲမှ တစ်ခုပင် ဖြစ်သည်။ “ကိုယ်တော်မြတ်မှတစ်ပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ … ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့တွင်းထဲသို့ချပစ်…”(ဒံ ၆:၁၂) ဟု ရှင်ဘုရင် အမိန့်က ခြိမ်းခြောက်နေသော်လည်း ဒံယေလသည် သူ့အသက် လုံခြုံမှုကို မမှုဘဲ ဘုရားရှင်အပေါ် ဆက်လက်သစ္စာစောင့်သိခဲ့သည်။ “အထက်ပြုလေ့ရှိသည် အတိုင်း၊ တစ်နေ့သုံးကြိမ် ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏” (:၁၀)။ ပရောဖက်ကြီးသည် မည်သည့်အဖိုးအခ ပေးရပါစေ တစ်ဆူတည်းသော ဘုရား‌သခင်ရှေ့၌သာ ဒူးထောက်ပါသည်။

တစ်ခါတစ်ရံ ကျွန်ုပ်တို့၏‌ရွေးချယ်မှုသည် ရှင်းပါသည်။ မိမိပတ်လည်ရှိ လူများက အများနည်းတူ ရေလိုက်ငါးလိုက်နေရန် တိုက်တွန်းသော်လည်း၊ မိမိ ဂုဏ်သိက္ခာ အသက်အိုးအိမ်စည်းစိမ် အန္တရာယ်ရှိနေသော်လည်း ကျွန်ုပ်တို့သည် ဘုရားကို အမြဲတမ်းနာခံမှု ရှိရပါမည်။ တစ်ခါတစ်ရံ ကြီးမားသော ဆုံးရှုံးမှုများ ရှိနေပါစေ ကျွန်ုပ်တို့သည် ခိုင်ခိုင်မာမာ ငြင်းဆန်နိုင်ရပါမည်။