၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းကာလ၌ ၅ နှစ်နီးပါးမျှ၊ အမေရိကန်နိုင်ငံ၊ Minnesota (မင်နီဆိုတာ)ပြည်နယ်၌ ကျိုင်းကောင်ကျပြီး သီးနှံများဖျက်ဆီးခံခဲ့ရသည်။ လယ်သမားများက ကတ္တရာဖြင့် ကျိုင်းကောင်များကို ထောင်ဖမ်းပြီး လယ်ကိုမီးရှို့ကာ ကျိုင်းကောင်ဉများကို ဖျက်ဆီးသည်။ လူများစွာ ကူရာမဲ့လျက် ငတ်မွတ်ခေါင်းပါးခြင်းကပ်ဆိုး ဆိုက်လုနီးပါးချိန်တွင် ဘုရားသခင်၏မစမှုကို အတူတကွ တောင်းခံ ရန် အားထုတ်ခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးက သနားစိတ် ယိုဖိတ်ကာ ဧပြီလ ၂၆ ရက်နေ့ကို ပြည်နယ်တစ်ခုလုံးဆုတောင်းရာနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။

ထိုသို့ စုပေါင်းဆုတောင်းပြီးသည့်နောက်ပိုင်းရက်များတွင် ရာသီဉတုပူနွေး လာသဖြင့် ကျိုင်းကောင်ဉများ အသက်ဝင်လာသည်။ သို့သော် ၄ ရက် အကြာတွင် အပူချိန်သိသာစွာ ကျဆင်းသွားသဖြင့် ကျိုင်းကောင်လေးများ အအေးဒဏ်မခံနိုင်ဘဲသေကုန်သဖြင့် လူများစွာတို့ အံ့သြဝမ်းသာဖြစ်ခဲ့ရသည်။ မင်နီဆိုတာ ပြည်နယ် သားတို့ ပြောင်း၊ ဂျုံ၊ အုတ် စသည် ကောက်နှံများကို တစ်ဖန်ရိတ်သိမ်း နိုင်ခဲ့သည်။

ယောရှဖက်မင်းလက်ထက်၌လည်း ဘုရားလူတို့အား ကယ်တင်ခြင်းအမှု၏ နောက်ကွယ်၌ ဆုတောင်းခြင်းရှိနေခဲ့သည်။ ကြီးမားသော စစ်တပ်အလုံးအရင်း စစ်ချီလာကြောင်း ယောရှဖတ်မင်း သိသောအခါ အစာရှောင်ဆုတောင်းရန် ဘုရားလူတို့အား သူဆင့်ခေါ်ခဲ့သည်။ ဘုရားသခင်သည် အတိတ်ကာလက ၎င်းတို့ကို ကယ်တင်ခဲ့ကြောင်း၊ “အကျွန်ုပ်တို့အပေါ်မှာ ထားဘေး၊ ဒဏ်ခတ်ခြင်း ဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေး တစ်စုံတစ်ခုရောက်၍ … ဆင်းရဲဒုက္ခ ကြောင့် အော်ဟစ်ကြသောအခါ၊ (ထာဝရဘုရားသခင်)နားထောင်၍ ကယ်မ သနားတော်မူမည်ကို သိပါ၏”ဟု ယောရှဖက်မင်း မြွက်ဆိုသည် (၆ ရာ ၂၀:၉)။

ဘုရားသခင်သည် ကျူးကျော်လာသည့်စစ်တပ်ရန်မှ သူ့လူတို့ကို ကယ်တင် ခဲ့ပြီး၊ ဆင်းရဲဒုက္ခရောက်ချိန်တွင် ကျွန်ုပ်တို့ သူ့ထံဟစ်ခေါ်သံကို ကြားတော်မူပါ သည်။ မည်သည့် စိတ်သောကရောက်စရာဖြစ်စေ၊ ပေါင်းသင်းဆက်ဆံရေး ပြဿနာ ဖြစ်စေ၊ သဘာဝဘေးဖြစ်စေ၊ ဘုရားရှင်ထံသို့ ဆုတောင်းခြင်းဖြင့် တိုးဝင်ပါ။ ကိုယ်တော်အတွက် ခက်ခဲလွန်းသောအမှုမရှိပါ။