ဘီဘီစီဂီတမဂ္ဂဇင်းမှ ကမ္ဘာကျော် တီးဝိုင်းညွှန်ကြားသူ ၁၅၁ ဉီးတို့အား အကောင်းဆုံးဟု ၎င်းတို့ယုံကြည်သည့် ဂီတတေးသွားအပုဒ် ၂၀ ကို အစဉ်လိုက် စီပေးရန် တောင်းဆိုရာ Beethoven (ဘီသိုဗင်)၏ Third Eroica တေးသွားကို စာရင်းထိပ်ဆုံးတင်ထားသည်။ “သူရဲကောင်း”ဟု အဓိပ္ပာယ်ရှိသည့် ထိုတေးသွား သည် ပြင်သစ်တော်လှန်ရေးကာလ ပဋိပက္ခကြားမှ ပေါက်ဖွားခဲ့သည်။ ထိုမျှမက ဘီသိုဗင်ကိုယ်၌ အကြားအာရုံ တစ်စတစ်စချို့ယွင်းလာမှုကြောင့်ရုန်းကန်ရလျက် ထိုတေးသွားကို ရေးစပ်ခဲ့ရသည်။ ထိုတေးသွားက အခက်အခဲပြဿနာများ ရင်ဆိုင် ရစဉ်တွင်ပင် လူသားဆန်ခြင်းနှင့် ရှင်သန်ခြင်း၏အဓိပ္ပာယ်ကို ေဖော်ကျူးသည့် ပြင်းထန်လွန်ကဲသော စိတ်ခံစားမှု အတက်အကျကို လှုံ့ဆော်ပေးသည်။ ပျော်ရွှင်မှု နှင့် ဝမ်းနည်းမှုသရုပ်၊ ပြင်းထန်သော စိတ်ခံစားမှုပြီးနောက် တစ်ဖြည်းဖြည်းနှင့် အောင်နိုင်မှုကို ဖော်ကျူးသည့် “Third Symphony” တေးသွားသည် လူ့စိတ်ဓာတ် ကို အစဉ်အမြဲဂုဏ်ပြုသောတေးသွားအဖြစ် မှတ်ကျောက်တင်ခဲ့တော့သည်။

ရှင်ပေါလုရေးသည့် ကောရိန္သုသြဝါဒစာပဌမစောင်ကို အထက်ပါ အကြောင်း တရားကဲ့သို့ ကျွန်ုပ်တို့အာရုံစိုက်အပ်သည်။ ၎င်းတွင် တေးသွားသံစဉ်ထက် ခွန်အား ပေးသောစကားလုံးများဖြင့် ကောင်းချီးမင်္ဂလာ ဖြစ်ပေါ်စေသည်(၁:၄-၉)။ တစ်ဖန် စိတ်ကြေကွဲစေသည့်ပဋိပက္ခများကြောင့် အရှိန်ကျသွားသည်(၁၁:၁၇-၂၂)။ ထိုနောက် မိမိ၏ဆုကျေးဇူးအတိုင်း အချင်းချင်းအတွက်၊ ဘုရားရှင်ဘုန်းတော်အတွက် လူတို့ ပူးပေါင်းလုပ်ဆောင်သောအခါ အရှိန်ပြန်တက်လာသည် (၁၂:၆-၇)။

ခြားနားချက်မှာ လူ၏စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုကို ဝိညာဉ်တော်ဘုရား၏ တန်ခိုးအဖြစ် ကျွန်ုပ်တို့ရှုမြင်ခြင်းဖြစ်သည်။ ဖော်ပြရန်မစွမ်းသော ခရစ်တော်၏ မေတ္တာကို အတူတကွခံစားကြရန် ရှင်ပေါလုက တိုက်တွန်းလျက် ခမည်းတော် ဘုရား၏ခေါ်တော်မူခြင်း၊ သားတော်ဘုရား၏ပို့ဆောင်လမ်းပြခြင်း၊ သန့်ရှင်း သော ဝိညာဉ်တော်၏လှုံ့ဆော်အားပေးမှုဖြင့် ကျွန်ုပ်တို့သည် ဆူညံသံကို ပြုရန် မဟုတ်ဘဲ အမြတ်ဆုံးသောတေးသွား ထွက်ပေါ်လာအောင် အကောင်းဆုံးပေးဆပ် လုပ်ဆောင်ရန်ပင်ဖြစ်တော့သည်။