ဗြောက်အိုးသံဟုထင်ရသောအသံကြောင့် ဂျိုအန်းသည် အိပ်နေရာမှ နိုးလာ သည်။ မှန်ကွဲသံဖြစ်သည်။ တစ်ယောက်တည်းမနေခဲ့မိလျှင်ကောင်းသားဟု တွေးပြီး ဘာဖြစ်နေသည်ကို သိရှိနိုင်ရန် အိပ်ယာမှထခဲ့သည်။ မှောင်မည်းနေ သောလမ်း၌ လူသူလေးပါးကင်းမဲ့နေပြီး အိမ်မှာလည်း အကောင်းပကတိ ရှိပုံပေါ်ပါသည်။ ထို့နောက်မှ ကွဲကြေနေသောကြည့်မှန်ကိုတွေ့လိုက်ရသည်။

စုံစမ်းစစ်ဆေးသူများက ဓာတ်ငွေ့ပိုက်လိုင်း၏ လက်မဝက်မျှအကွာတွင် ကျည်ဆံတစ်တောင့်ကို တွေ့ရှိခဲ့သည်။ အကယ်၍သာ ပိုက်လိုင်းကို ကျည်ဆံမှန်ခဲ့ ပါက သူလည်း အသက်ရှင်နိုင်မည် မဟုတ်လောက်ပါ။ ထိုကျည်ဆံသည် အနီးအနားရှိတိုက်ခန်းများမှ ချော်ထွက်လာကြောင်း နောက်မှ ဖော်ထုတ်တွေ့ရှိခဲ့ သော်လည်း လတ်တလောတွင်မူ အိမ်၌ ရှိနေရသည်ကို ဂျိုအန်းကြောက်လန့်နေ မိသည်။ သူမသည် ငြိမ်သက်ခြင်းရှိရန် ဆုတောင်းခဲ့ပြီး မှန်ကွဲစများရှင်းလင်းပြီး သည်နှင့် တစ်ပြိုင်နက် သူမ၏စိတ်နှလုံးသည် သက်သာရာရခဲ့ပါသည်။

အခက်အခဲ ပြဿနာကြုံရသောအချိန်တွင် ဘုရားသခင်အားမျှော်ကြည့်ရန် ဆာလံကျမ်း အခန်းကြီး ၁၂၁ က ကျွန်ုပ်တို့ကို သတိပေးနှိုးဆော်နေသည်။ “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားထံတော်မှ (ကျွန်ုပ်တို့ကို) မစခြင်းအကြောင်းသည် ပေါ်ထွက်”သောကြောင့် (:၂)၊ ငြိမ်သက်ခြင်းနှင့် စိတ်သက်သာရာရခြင်းကို ကျွန်ုပ်တို့ရရှိနိုင်သည်။ စကြဝဠာကို ဖန်ဆင်းသော ဘုရားသခင်သည် ကျွန်ုပ်တို့အိပ်နေလျှင်ပင် ကျွန်ုပ်တို့ကိုမစ၍ စောင့်ကြည့်တော်မူသည် (:၃)။ သို့သော် ဘုရားရှင်ကိုယ်တော်တိုင်မှာမူ လုံးဝမအိပ်ပေ (:၄)။ သူသည် ကျွန်ုပ်တို့အား နေ့ရောညပါ စောင့်ကြည့်ပါသည် (:၆)။ “ယခုမှစ၍ အစဥ်မပြတ်” (:၈) စောင့်ကြည့်နေပါလိမ့်မည်။

ကျွန်ုပ်တို့ မည်သည့်အခြေအနေ၌ပင် ရောက်ရှိနေပါစေ၊ ဘုရားသခင် မြင်တော်မူသည်။ ကျွန်ုပ်တို့ သူ့အား ခိုလှုံကိုးစားလာရေးကို သူစောင့်နေသည်။ ကိုယ်တော်ကို ခိုလှုံသောအခါ ကျွန်ုပ်တို့၏အခြေအနေများက အမြဲပြောင်းလဲသွားမည်မဟုတ်သော်လည်း ထိုအခြေအနေများကြားတွင် သူ၏ငြိမ်သက်ခြင်းကို ပေးမည်ဟု ကတိတော်ရှိထားပါသည်။