တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ရွာလေးတစ်ရွာနှင့်ဝေးသည်ထက်ဝေးသည့် တောနက်ထဲသို့ ကျွန်မတို့တစ်စစတိုးဝင်ပြီး ခရီးသွားခဲ့သည်။ တစ်နာရီထက်မက ခြေလျင်သွားပြီးနောက် နားကွဲမတတ်မြည်ဟီးသည့်ရေသံကို ကြားရပြီး ကျွန်မတို့၏ခြေလှမ်းများမြန်လာသည်။ မကြာမီတွင် မီးခိုးရောင်ကျောက်ကြားမှ စီးကျ လာသည့် အဖြူရောင်ကန့်လန့်ကာပမာ လှပသောရေတံခွန်မြင်ကွင်းကြီးက ကျွန်မတို့ကို ဆီးကြိုနေတော့သည်။ အံ့မခမ်းလှလိုက်ပါဘိ။

ကျွန်မတို့နှင့်အတူ အဖော်လိုက်ပါလာသည့် တောင်တက်ဖော် ရွာသားများက ကျွန်မတို့အတွက် ပျော်ပွဲစားစီစဉ်ပေးရန် တစ်နာရီစော၍ သူတို့ထွက်သွားသည်။ အကြံကောင်းဖြစ်သော်လည်း အစားအသောက်များမရှိပါ။ ကျွန်မတို့ စားစရာများ မယူခဲ့ပါ။ သို့သော် ထိုမိတ်ဆွေများက အနီးအနားတောထဲသို့ အလျှိုလျှို တိုးဝင်လျက် ပျောက်သွားပြီး အမျိုးစုံလင်လှသည့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်၊ ငါးများနှင့် ပြန်ရောက်လာသည်။ Shuixiangcai (ရွေစရန်းချိုက်)ဟုခေါ်သည့် ခရမ်းရောင်အပွင့်နှင့် ဟင်းရွက်တစ်မျိုးမှာ ဆန်းပြားသော ပုံစံဖြစ်သော်လည်း အရသာမှာ ထူးကဲကောင်းမွန်လှသည်။

ဖန်ဆင်းထားသောအရာများက ဘုရားသခင်၏သူမတူအောင် ကြီးကျယ် ခန့်ညားသည့် မစထောက်ပံ့မှုကို ကြွေးကြော်နေကြောင်း ကျွန်မကို သတိပေးလာ သည်။ ဘုရားသခင်၏ စေတနာသဒ္ဓါထက်သန်မှုသက်သေအဖြစ် “မိမိ၌မျိုးစေ့ပါ လျက် သစ်သီးမျိုးကို ဖြစ်စေသောသစ်ပင်” (:၁၂)များကို တွေ့ရပါသည်။ ဘုရားသခင် သည် “မြေတစ်ပြင်လုံး၌ … မျိုးစေ့ကိုဖြစ်စေသောအသီးနှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုးတို့ကို”လည်း ကျွန်မတို့စားစရာဖို့ ပေးသနားတော်မူ၏ (:၂၉)။

သင့်လိုအပ်မှုအတွက် ဘုရားရှင်ဖြည့်ဆည်းပေးမည်ကို တစ်ခါတစ်ရံ ယုံကြည် စိတ်ချရန် ခက်ခဲနေပါသလား။ သဘာဝရှုခင်းများဆီသို့ လမ်းလျှောက်ထွက်ကြည့် လိုက်ပါ။ “အဘယ်သို့စားသောက်ရအံ့နည်း။ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ် ကြနှင့်။ … ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော် မူသော သင်တို့အဘသည် သိတော်မူ”ကြောင်း (မ ၆:၃၁-၃၂) သခင်ယေရှု၏ စကား တော်ကို သင်မြင်တွေ့ရသည့်အရာများက သတိပေးအမှတ်ရစေပါ။