တီထွင်သမျှတွင် အကောင်းဆုံးသောဗွီဒီယိုဂိမ်းအဖြစ် သတ်မှတ်ခံရသော Nintendo ၏ The Legend of Zelda: Ocarina of Time သည် ကမ္ဘာတစ်ဝန်း တွင် ၇ သန်းကျော် ရောင်းခဲ့ရသည်။ ထို့ပြင် ရွှံ့ဖြင့်ပြုလုပ်သော သေးငယ်ပြီး ရှေးကျသည့် အာလူးပုံစံတူရိယာ Ocarina (အိုကာရီးနာ)ကိုလည်း လူသိများခဲ့သည်။

အိုကာရီးနာသည် အခြားတူရိယာများနှင့်မတူပါ။ သို့သော် ပုံသဏ္ဌာန် မမှန်သောမျက်နာပြင် ပတ်လည်ရှိ အပေါက်များကို လက်နှင့်ဖိကာ လေမှုတ်ရ သောနေရာကို တီးမှုတ်လိုက်ပါလျှင် သိသိသာသာ အေးဆေး တည်ငြိမ်သော အသံနှင့် စိတ်ခြောက်ခြားဖွယ် မျှော်လင့်ခြင်းသံစဥ်ကို ပေးပါသည်။

အိုကာရီးနာကိုပြုလုပ်သူသည် ရွှံ့စေးတစ်ဆုပ်ကိုယူပြီး ဖိအားပေး၊ အပူပေး ကာ အံ့ဖွယ်ဂီတတူရိယာအဖြစ် ပြောင်းလဲလိုက်သည်။ ဤတွင် ဘုရားရှင်နှင့်ကျွန်မတို့ ၏ပုံရိပ်ကို မြင်မိသည်။ ဟေရှာယအနာဂတ္တိကျမ်း ၆၄:၆၊ ၈-၉ တွင် “အကျွန်ုပ်တို့ ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ … သို့ရာတွင် အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော် သည် အကျွန်ုပ်တို့၏အိုးထိန်းဖြစ်တော်မူ၏။ … ပြင်းစွာအမျက် ထွက်တော်မမူပါနှင့်” ဟုဖော်ပြထားသည်။ ပရောဖက်က ဘုရားရှင်အား “ကိုယ်တော်သည် ထိန်းချုပ် တာဝန်ယူသူဖြစ်ပြီး ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သည်။ ကိုယ့်တော့်အတွက် လှပသည့်တန်ဆာပလာများ အဖြစ်ပုံသွင်းပေးတော်မူပါ”ဟု ပြောနေခြင်းဖြစ်သည်။

ထိုအတိုင်း ဘုရားသခင် အတိအကျလုပ်ဆောင်နေပုံ ပေါ်ပါသည်။ ကရုဏာတော်အားဖြင့် ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံရန် သားတော်သခင်ယေရှုကို စေလွှတ်ခဲ့သည်။ ယခုတွင် နေ့ရက်စဥ်တိုင်း ဝိညာဥ်တော်ဘုရားနှင့်အတူ ကျွန်ုပ်တို့ လိုက်လျှောက်စဥ် ကိုယ်တော်က ပုံသွင်းနေ၊ ပြုပြင်ပြောင်းလဲပေးနေပါသည်။ အိုကာရီးနာလေးကို ပြုလုပ်သူသည် တူရိယာထဲသို့ လေမှုတ်သွင်းကာ သာယာလှပသော ဂီတသံစဥ်ကို ဖန်တီးသလိုပင် ဘုရားသခင်သည် သူထုဆစ် ပြုပြင်ထားသောတူရိယာဖြစ်သည့် ကျွန်ုပ်တို့အားဖြင့် သခင်ယေရှုနှင့် တူသည်ထက် တူလာစေလိုသော သူ၏လှပသောအလိုတော် ပြီးပြည့်စုံစေရန်အတွက် အလုပ်လုပ်နေပါသည် (ရော ၈:၂၉)။