Washington Irving (ဝါရှင်တန်အာဗင်)သည် သူ၏ဝတ္တု The Legend of Sleepy Hollow (အိပ်ချင်နေသောချိုင့်ကြီးပုံပြင်) တွင် ကတ်ထရီးနား ဟူသော မိန်းမပျိုကို လက်ထပ်လိုသော ကျောင်းဆရာဣခဗုဒ်ကရိန်းနှင့် အဓိကဇာတ်ကောင် ဖြစ်သည့် ကိုလိုနီခေတ်ကျေးလက်များ၌ တစ္ဆေခြောက်နေသော ခေါင်းပြတ် မြင်းစီးသမားတို့ ပါဝင်သည်။ တစ်ညတွင် ဣခဗုဒ်သည် ထိုမြင်းစီးသမားနှင့် ပက်ပင်းတိုးပြီးနောက် ထိုရွာမှထွက်ပြေးသွားတော့သည်။ ထိုမြင်းစီးသမားသည် ကတ်ထရီးနားအား ဣခဗုဒ်နှင့်ပြိုင်ပိုးနေသူဖြစ်ပြီး နောက်ပိုင်းတွင် သူမနှင့် လက်ထပ်သွားသည်။

ဣခဗုဒ်ဟူသောအမည်ကို သမ္မာကျမ်းစာ၌ အရင်ဆုံးတွေ့ရှိရပြီး သူ၌ စိတ်ပျက်အားငယ်စရာ နောက်ကြောင်းရှိသည်။ ဖိလိတ္တိလူတို့နှင့်စစ်ဖြစ်စဉ် ဣသရေလလူမျိုးတို့သည် ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို တိုက်ပွဲဖြစ်ရာနေရာသို့ သယ်သွားသည်။ ဣသရေလစစ်တပ်သည် ပြင်းထန်စွာချေမှုန်းခံခဲ့ရပြီး သေတ္တာတော် သည်လည်း ရန်သူလက်သို့ရောက်သွားသည်။ ယဇ်ပရောဟိတ် ဧလိ၏သား ဟောဖနိနှင့် ဟိနဖတ်တို့ အသတ်ခံရပြီး (၁ ရာ ၄:၁၇)၊ ဧလိကိုယ်တိုင်လည်း ကွယ်လွန်ခဲ့သည် (:၁၈)။ ဖိနဟတ်၏ ကိုယ်ဝန်သည်ဇနီးသည် ထိုသတင်းကိုကြား သောအခါ “သားဖွားသောဝေဒနာကို ချက်ချင်းခံစားရ”သည် (:၁၉)။ သူမသည် သေလုဆဲဆဲတွင် သူမ၏သားကို ဣခဗုဒ်ဟု (တိုက်ရိုက်ဘာသာပြန်ရလျှင် ‘ဘုန်းအသရေမရှိ’ဟု အဓိပ္ပာယ်ရသည့်) အမည်ပေးခဲ့သည်။ “ဣသရေလ၏ ဘုန်းအ‌သရေပျက်ပြီ”ဟု နောက်ဆုံးထွက်သက်၌ သူမဆိုခဲ့သည် (:၂၂)။

ကျေးဇူးတော်ကြောင့် ဘုရားသခင်သည် ပိုမိုကျယ်ပြန့်သောဇာတ်လမ်းကို ထုတ်ဖော်ဖွင့်ပြခဲ့သည်။ ဘုရားသခင်၏ဘုန်းအသရေတော်သည် နောက်ဆုံးတွင် သခင်ယေရှုအားဖြင့် ထွက်ပေါ်ခဲ့ပြီး “ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူ သော ဘုန်းအသရေတော်ကို ကျွန်ုပ်သည် သူတို့အား ပေးပါပြီ”ဟု သူ့တပည့်တော် များကို ရည်ညွှန်း၍ဆိုခဲ့သည် (ယော ၁၇:၂၃)။

ယနေ့တွင် ပဋိညာဉ်သေတ္တာတော် မည်သည့်အရပ်၌ရှိသည်ကို မည်သူမျှ မသိကြပါ။ သို့သော် ကိစ္စမရှိပါ။ ဣခဗုဒ် (ဘုန်းအ‌သရေမရှိခြင်း)သည် ထွက်ပြေးသွားခဲ့ပါပြီ။ ဘုရားသခင်သည် သူ၏ဘုန်းအသရေကို ယေရှုခရစ် အားဖြင့် ကျွန်ုပ်တို့အား ပေးခဲ့ပါပြီ။