၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ၊ ကိုဗစ်-၁၉ ကပ်ရောဂါစစဖြစ်ချင်းတွင် သတင်းရေးသူတစ်ဉီး၏စိုးရိမ်မှုက ကျွန်ုပ်ကိုလည်း ရိုက်ခတ်ခဲ့သည်။ အခြားသူများကို ရောဂါ မကူးစက်ရန် အခြားသူများနှင့်ခပ်ခွာခွာနေပြီး အလုပ်လုပ်ခြင်း၊ ခရီးသွားခြင်း၊ စျေးဝယ်ထွက်ခြင်းပုံစံတို့ကို ပြောင်းလဲရန် ကျွန်ုပ်တို့လိုလိုလားလားရှိပါမည်လား။ “ဤအရာက ဆေးဝါးကုသမှုအတွက် စစ်တမ်းကောက်နေခြင်း မဟုတ်ဘဲ သူတစ်ပါးအကျိုးအတွက် မိမိကိုယ်ကိုငြင်းပယ်ကာ အနစ်နာခံလိုသောစိတ်ပင် ဖြစ်သည်” ဟုသူမ ရေးသားခဲ့သည်။ ရုတ်ခြည်းပင် စာနာတတ်သော အကျင့်တရားလိုအပ်မှုသည် သတင်းစာ၏ခေါင်းကြီးပိုင်း မျက်နှာဖုံးသတင်းဖြစ်လာပါတော့သည်။

မိမိ၏လိုအပ်မှုအတွက် စိုးရိမ်ကြောင့်ကြနေလျှင် အခြားသူ၏လိုအပ်မှုကို စဥ်းစားပေးရန် လွယ်ကူမည်မဟုတ်ပါ။ လိုအပ်မှုကို မစထောက်ပံ့ရန်အတွက် ကျွန်ုပ်တို့၌ စိတ်စွမ်းအားတစ်ခုတည်းသာ ရှိသည်မဟုတ်သောကြောင့် ကျေးဇူးတင်ရမည်။ ဥပက္ခာပြုသည့်စိတ်ကိုပြောင်းလဲပေးမည့် ‘ချစ်ခြင်း’၊ ဝမ်းနည်းခြင်းကို တုံ့ပြန်ပေးမည့် ‘ဝမ်းမြောက်ခြင်း’၊ စိုးရိမ်မှု၌ အစားထိုးဝင်လာမည့် ‘ငြိမ်သက်ခြင်း’၊ စိတ်လိုက်မာန်ပါဖြစ်ခြင်းကို တွန်းလှန်ပေးမည့်’သည်းခံစိတ်ရှည်ခြင်း’၊ တစ်ပါးသူကို ‘ကရုဏာပြကျေးဇူးပြုခြင်း’၊ လိုအပ်မှုကိုမြင်သော ‘ကောင်းမြတ်ခြင်း’၊ မိမိ၏ကတိကို တည်စေသော ‘သစ္စာ’၊ ခက်ထန်တင်းမာမှုကို အစားထိုးပေးမည့် ‘နူးညံ့သိမ့်မွေ့ခြင်း’၊ မိမိအတ္တစိတ်ကိုကျော်ပြီး ကြည့်နိုင်သည့် ‘ကာမဂုဏ်ချုပ်တည်းခြင်း’ စသည်တို့ကို သန့်ရှင်းသောဝိညာဥ်တော်ထံမှ တောင်းခံနိုင်ပါသည် (ဂလ ၅:၂၂-၂၃)။ ကျွန်ုပ်တို့၌ အထက်ပါအရာအားလုံး မစုံလင်နိုင်သော်လည်း ဝိညာဥ်ပကတိ ဆုကျေးဇူးနှင့်အစဥ်ပြည့်စုံရေးကို ပံုမှန်ရှာဖွေရန် နှိုးဆော်ထားပါသည် (ဧ ၅:၁၈)။

တစ်ခါက စာရေးဆရာ Richard Foster (ရစ်ချက်ဖော်စတာ)က သန့်ရှင်းခြင်းပါရမီကို အပြီးဆောင်ရွက်ရမည့်အချိန်တွင် ပြီးစီးအောင် လုပ်ဆောင်နိုင်သောစွမ်းရည်အဖြစ် ဖော်ပြထားသည်။ ထိုသန့်ရှင်းခြင်းပါရမီကို ကပ်ရောဂါဆိုက်ချိန် တွင်သာမဟုတ်ဘဲ နေ့ရက်တိုင်းတွင် လိုအပ်ပါသည်။ အခြားသူများအတွက် မိမိကိုယ်ကို အနစ်နာခံချိုးဖဲ့နိုင်သောအစွမ်းသတ္တိ ကျွန်ုပ်တို့တွင် ရှိပါသလား။ သန့်ရှင်းသောဝိညာဥ်တော်သည် ပြီးမြောက်လုပ်ဆောင်ရမည့်အမှုအရာကို လုပ်နိုင်သောတန်ခိုးကို ကျွန်ုပ်တို့ အထဲ၌ ဖြည့်ပေးနေပါသည်။