၂၀၂၀ ခုနှစ်တွင် အီကွေဒေါမှ Sangay (ဆန်းဂေး) မီးတောင် ပေါက်ကွဲခဲ့သည်။ ဘီဘီစီသတင်းတွင် “မဲမှောင်နေသောပြာမှုန့်ထုသည် မီတာ ၁၂,၀၀၀ ကျော်ထိ မြင့်မားခဲ့သည်” ဟုဖော်ပြပါသည်။ ထိုပြာမှုန့်သည် ဧက ၁၉၈,၀၀၀ အကျယ်အဝန်းရှိသည့် ပြည်နယ် (၄) ခုကို ဖုံးလွှမ်းသွားသည်။ ကောင်းကင်သည် မှုန်မှိုင်းမှောင်မိုက်သွားပြီး လေထုလည်း သိပ်သည်းလာကာ အသက်ရှုရန် ခက်ခဲစေသည်။ စိတ်မချမ်းမြေ့ဖွယ် ထိုမြင်ကွင်းကို လယ်သမားကြီး Feliciano Inga (ဖလီစရာနိုအန်ဂါ)က “ဒီဖုန်မှုန့်တွေ ဘယ်က ရောက်လာမှန်းတော့မသိဘူး။ ကောင်းကင်မဲသွားတာပဲတွေ့ရပြီး တဖြည်းဖြည်းကြောက်လာကြတယ်”ဟု သတင်းစာတွင် ဖော်ပြခဲ့သည်။

ဣသရေလလူမျိုးများသည် “တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက် မည်းသောအဆင်းမိုးတိမ်တိုက် ထူထပ်သောမှောင်မိုက်” (ထွက် ၄:၁၁)ကျသွားချိန်၌ အလားတူသော ကြောက်ရွံ့မှုမျိုးကို သိနာတောင်ခြေတွင် ခံစားခဲ့ရသည်။ ဘုရားသခင်၏အသံတော် မြည်ဟိန်း သွားကာ လူများသည် ကြောက်ရွံ့တုန်လှုပ်ခဲ့ကြသည်။ အင်မတန်မှကြောက်စရာကောင်းလှပါသည်။ အသက်ရှင်သောဘုရားနှင့် မျက်နှာချင်းဆိုင်မြင်ရသောအတွေ့အကြုံက ဒူးတုန်ရသည်အထိ အံ့သြဖွယ်ကောင်းလှသည်။

“ထာဝရဘုရားသည်လည်း မီးထဲကသင်တို့အား မိန့်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဌာန်တော်ကိုမမြင်ရဘဲ၊ စကားတော်အသံကိုသာ ကြားရကြ၏” (:၁၂)။ အရိုးကို လှုပ်ခတ်သွားစေသောအသံသည် အသက်နှင့်မျှော်လင့်ခြင်းကို ပေးခဲ့သည်။ ဘုရားသခင်သည် ဣသရေလလူမျိုးအား ပညတ်တော် (၁၀) ပါးကိုပေးခဲ့ပြီး ပဋိညာဥ်အသစ်ပြုခဲ့သည်။ မှောင်မဲသောတိမ်တိုက်မှအသံသည် ငလျှင်တို့ကို ဖြစ်စေသော်လည်း ဣသရေလလူမျိုးတို့အား ထောက်ပံ့မစနေခဲ့ပြီး စွဲစွဲမြဲမြဲ ချစ်မြတ်နိုးနေပေသည် (ထွက် ၃၄:၆-၇)။

ဘုရားသခင်သည် ကျွန်ုပ်တို့လက်လှမ်းမမီနိုင်သော တန်ခိုးတော်နှင့်ပြည့်စုံပြီး အံ့သြဖွယ်လည်းဖြစ်သည်။ သို့သော် ကိုယ်တော်သည် ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝလျက် ကျွန်ုပ်တို့အား အစဥ်လက်ကမ်းထားပါသည်။ တန်ခိုးကြီးပြီး ချစ်နှစ်သက် ဖွယ်သော ဘုရားသခင်ကို ကျွန်ုပ်တို့မဖြစ်မနေလိုအပ်နေပေသည်။