Diet Eman (ဒိဧမန်)သည် နယ်သာလန်နိုင်ငံမှ ရှက်သွေးဖြာသည့် သာမန် မိန်းမပျိုတစ်ဦးဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ဂျာမန်တို့ ကျူးကျော်လာချိန်က သူသည် ချစ်တတ်သူ၊ အလုပ်လုပ်ကိုင်သူ၊ မိသားစုနှင့် မိတ်ဆွေများနှင့်ပျော်မွေ့တတ်သူဖြစ်သည်။ “ကိုယ့်တံခါးဝမှာ အန္တရာယ်ကျရောက်လာချိန်မှာ ငှက်ကုလားအုပ်လိုပဲ သဲထဲမှာ ခေါင်းကို ဝှက်ထားလိုက်ချင်တာပေါ့” ဟု နောက်ပိုင်းတွင် သူရေးသားခဲ့ သည်။ သိုသော် ဒိသည် ဖိနှိပ်သူဂျာမန်များကို ဆန့်ကျင်ရန် ဘုရားသခင်စေခိုင်းကြောင်းခံစားမိပြီး ဂျူးလူမျိုးနှင့် အလိုက်ခံရသူတို့ ပုန်းအောင်းရန်နေရာကို ရှာပေး ခဲ့သည်။ ထိုအမှုအတွက် သူ့အသက်ကို ရင်းခဲ့ရသည်။ လူတို့သတိမထားမိသည့် မိန်းမပျိုလေးသည် ဘုရားသခင်အတွက် စစ်သူရဲဖြစ်ခဲ့ပါသည်။
ဒိကဲ့သို့ပင် မထင်ပေါ်၊ မထင်ရသူများအား သူ့ကို အစေခံရန် ဘုရားသခင်အသုံးပြုခဲ့သည့် အဖြစ်အပျက်များစွာကို သမ္မာကျမ်းစာ၌ တွေ့ရပါသည်။ ဥပမာ၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိဒေါင်ကို ချဥ်းကပ်လျက် “ခွန်အားကြီး သောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏” (သူကြီး ၆:၁၂) ဟုဆိုသည်။ သို့သော် ဂိဒေါင်ခွန်အားကြီးဖို့နေနေသာသာ သူသည် ထိုအချိန်က ဣသရေလလူတို့ကို ဖိနှိပ်ချုပ်ချယ်သည့် မိဒျန်လူတို့၏ စောင့်ကြပ်မှုကို ရှောင်ပြီး လျှို့ဝှက်စွာ စပါးလှေ့နေသည် (:၁-၆၊ ၁၁)။ သူသည် ဣသရေလအနွယ်တွင် အားနည်းဆုံးသော မနာရှေအနွယ်မှဖြစ်ပြီး သူ့မိသားစုတွင် “အယုတ်ဆုံးသောသူ” ဖြစ်သည် (:၁၅)။ ဘုရား၏ခေါ်ယူစေစားမှုအတွက် စံမီသည်ဟု သူမထင်၊ နိမိတ် လက္ခဏာများကိုသာ သူတောင်းခဲ့သည်။ သို့သော်လည်း ရက်စက်ကြမ်းကြုတ်သည့် မိဒျန်လူများကို ချေမှုန်းရန် ဘုရားသခင် သူ့ကို သုံးခဲ့သည် (သူကြီး ၇)။
ဘုရားသခင်က ဂိဒေါင်ကို “အားကြီးသူ” အဖြစ်မြင်ခဲ့သည်။ ဘုရားသခင်သည် ဂိဒေါင်နှင့်အတူရှိပြီး သူ့ကို ပြင်ဆင်ပေးသကဲ့သို့ သူအလွန်ချစ်သော သားသမီးများဖြစ်သည့် ကျွန်ုပ်တို့လည်း (ဧ ၅:၁) အမှုကြီးငယ်မဟူတွင် သူ့အတွက်အသက်ရှင်နိုင်ရေး၊ အစေခံနိုင်ရေး လိုအပ်သောအရာများကို ဖြည့်ဆည်း ထောက်ပံ့လျက် ကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်ရှိပါသည်။