၂၀၁၈ ခုနှစ်က ထိုင်းလူမျိုး ယောကျ်ားလေး ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးနည်းပြ သည် နေ့လည်ပိုင်းခန့်တွင် ဝင်္ကဘာနှင့်တူသည့်ဂူထဲသို့ စွန့်စားစူးစမ်းကာလျှောက်လည်ခဲ့ကြသည်။ သို့သော် မမျှော်လင့်ဘဲ ဒီရေတက်လာသဖြင့် သူတို့သည် ဆုတ်ရင်းလိုဏ်ဂူအတွင်းပိုင်း နက်သည်ထက်နက်ရာတွင် ပိတ်မိသွားသည်။ ကယ်ဆယ်ရေး အဖွဲ့မှ ၎င်းတို့ကိုလာမကယ်မီအထိ အချိန်ရက်သတ္တပတ် ၂ ပတ်အထိကြာခဲ့သည်။ ကျောက်ငူအစွန်း၌ ထိုင်နေကြသည့် ကလေးငယ်များကို ကန့်လန့်ဖြတ်ရှိနေသည့် ရေထုကိုဖြတ်ပြီး ရေငုတ်အဖွဲ့မှကယ်ရန်ကြိုးစားနေချိန်၌ သူတို့၌ဓာတ်မီး ၆ လက် သာရှိသည်။ တစ်နည်းနည်းဖြင့် အလင်းနှင့်အကူအညီထိုးဖောက်ဝင်လာပါစေဟု သူတို့မျှော်လင့်ရင်း အမှောင်ထဲ၌ နာရီပေါင်းများစွာ နေခဲ့ရသည်။

ပရောဖက်ဟေရှာယက အကြမ်းဖက်မှု၊ လောဘ၊ မနာခံမှုနှင့် ဆင်းရဲဒုက္ခများနှင့်ပိတ်ဆို့လျက် နေရာအနှံ့ ဖျက်ဆီးမှုပြုသောလောက၊ မှောင်မိုက်အတိဖြစ်သော လောကကို သရုပ်ဖော်ခဲ့သည် (ဟေရှာ ၈:၂၂)။ ထိုလောက၌ ပျက်စီးယိုယွင်းမှုမှ လွဲ၍ ဘာမှမရှိ၊ ထူထပ်သောမှောင်မိုက် ဝါးမြိုမသွားမီ မျှော်လင့်ခြင်းအလင်းက မှေးမှိန်စွာ လင်းနေသည်။ သို့သော် စိတ်ပျက်ဖွယ်မှေးမှိန်မှုက အဆုံးသတ်မဟုတ်ကြောင်း ပရောဖက်ကြီးက အလေးအနက်တိုက်တွန်းထားသည်။ ဘုရားသခင်၏ သနားခြင်းကရုဏတော်ကြောင့် “ဒုက္ခဆင်းရဲခြင်းကို ခံရသောပြည်သည် နောက်မှ မှောင်မိုက်နှင့် ကင်းလွတ်လိမ့်မည်” (၉:၁)။ ဘုရားသခင်သည် သူ့လူမျိုးတော်ကို ပျက်စီးခြင်းအမှောင်ရိပ်၌ စွန့်ပစ်မထားပါ။ ပရောဖက်ကြီးက သူ့လူမျိုးအတွက် မျှော်လင့်ခြင်းကို ကြေညာခဲ့ပြီး အပြစ်ကြောင့် ဖြစ်ပေါ်လာသည့် မှောင်မိုက်ကို ဖယ်ရှားရန် သခင်ယေရှုကြွလာမည့်အချိန်ကို ညွှန်ပြခဲ့သည်။

သခင်ယေရှုကြွလာခဲ့ပါပြီ။ ယခုတွင် ဟေရှာယ၏စကားကို အသစ်သော အဓိပ္ပာယ်ဖြင့် ကျွန်ုပ်တို့နာယူနိုင်ပါသည်။ မှောင်မိုက်ထဲမှာ သွားလာသောလူများ တို့သည် ကြီးစွာသောအလင်းကို မြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏” (:၂)။

မည်မျှပင် ည့ဥ်နက်နေပါစေ၊ ကျွန်ုပ်တို့၏အခြေအနေမည်မျှပင် စိတ်ပျက် စရာ ဖြစ်နေပါစေ အမှောင်ထဲ၌ ကျွန်ုပ်တို့ ဘယ်သောအခါမှ စွန့်ပစ်မခံရပါ။ သခင်ယေရှုရှိနေပြီး ကြီးစွာသောအလင်း ထွန်းလင်းနေပါသည်။