သန္နိဌာန် ဆိုလျှင် ဖျက်ရန်၊ ပြင်ရန် လုပ်ထားသလေးဟုပင် ထင်ရသည်။ ဤအဖြစ်မှန်ကို ဟာသဖောက်ပြီး အချို့က ‘အောင်မြင်ဖော်ဆောင်နိုင်သော’ နှစ်သစ်ကတိကဝတ် ကိုသာ ပြုရန် အဆိုပြုသည်။ လူမှုကွန်ယက်၌ တွေ့ရသည့်စာသားအချို့မှာ – “မီးပွိုင့်တွင် အခြားကားသမားများကို လက်ပြနှုတ်ဆက်ပါ။” “မာရသွန်ပြိုင်ပွဲအတွက် စာရင်းပေးပါ။ သို့သော် ဝင်မပြိုင်ပါနဲ့။” “မနက်ဖြန်မှလုပ်မည် ဆိုသည့် အချိန်ဆွဲခြင်းကို ရပ်ပစ်ပါ။” “Siri (စီရီ – Apple ပစ္စည်းများမှ အသံဖြင့်ကူညီမှု)မှ မည်သည့်အကူအညီမှမယူဘဲ လမ်းပျောက်နေလိုက်ပါ။” “နေ့စဥ် လေ့ကျင့်ခန်းလုပ်သည့်ပို့စ် တင်သူကို မိတ်ဆွေအဖြစ်မှ ပြတ်စဲလိုက်ပါ။”

သို့သော် အသစ်တဖန် အစပြုခြင်းအယူအဆသည် အရေးပါသောကိစ္စဖြစ်ပြီး၊ ပြည်နှင်ခံ ယုဒလူမျိုးများအတွက် အလွန်လိုအပ်နေသောအရာလည်းဖြစ်သည်။ သူတို့၏ အနှစ် ၇၀ သုံ့ပန်းဘဝ၏ အနှစ်၂၀ ကျော်ခန့်တွင် ပရောဖက်ယေဇကျေလအားဖြင့် “သိမ်းသွားခြင်းကိုခံရသော ယာကုပ်အမျိုးကို ငါတစ်ဖန်ဆောင်ခဲ့”မည် ဟူသော အားတက်စရာ ကတိတော်ကို ဘုရားရှင်ပေးခဲ့သည် (ယေဇ ၃၉:၂၅)။

သို့သော် လူမျိုးတော်တို့သည် အစောပိုင်း နှစ်ပေါင်းရှစ်ရာခန့်က မောရှေအား ဘုရားရှင်ပေးအပ်ခဲ့သော အခြေခံဥပဒေသများသို့ အရင်ပြန်သွားရန် လိုသည်။ ၎င်းတွင် နှစ်သစ်၌ ကျင်းပသောပွဲတစ်ခုကို စောင့်ထိန်းလုပ်ဆောင်ခြင်း ပါဝင်သည်။ ရှေးယုဒလူမျိုးများသည် ထိုပွဲကို နွေဦးအစောပိုင်းတွင် အစပြုသည် (၄၅:၁၈)။ ပွဲတော်၏ အဓိကရည်ရွယ်ချက်မှာ ဘုရားရှင်၏ဂုဏ်တော်နှင့် သူ၏မျှော်လင့်ချက်တို့ကို ပြန်လည်အမှတ်ရရန် ဖြစ်သည်။ ဘုရားရှင်က ခေါင်းဆောင်များအား “အနိုင်အထက် ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍ တရားသောအမှု၊ ဟုတ်မှန်သောအမှုတို့ကို ပြုကြ”ရန် (:၉)၊ ရိုးသားဖြောင့်မတ်မှုရှိရန် (:၁၀) မိန့်မှာထားသည်။

ထိုသင်ခန်းစာသည် ကျွန်ုပ်တို့နှင့်လည်း ဆိုင်သည်။ မိမိ၏ယုံကြည်ခြင်းကို လက်တွေ့အသက်တာ၌ မကျင့်သုံးပါက ၎င်းသည် တန်ဖိုးမရှိ၊ အချည်းနှီးဖြစ်သည် (ယာ ၂:၁၇)။ ဤနှစ်သစ်တွင် ကျွန်ုပ်တို့၏လိုအပ်မှုကို ဘုရားရှင် ထောက်ပံ့ပေးသည့် အတိုင်း “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့”၊ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” (မ ၂၂:၃၇-၃၉) ဟူသော အခြေခံ ပညတ်သို့ ပြန်လှည့်ကာ မိမိယုံကြည်ခြင်းကို တည်ဆောက်ကြပါစို့။