Aaron Burr (အယ်ရန်ဘာ)သည် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်ရုံးမှ မဲရလဒ်ကို ရင်ခုန်စွာ စောင့်နေသည်။ သမ္မတရွေးကောက်ပွဲတွင် Thomas Jefferson (သောမတ်(စ်) ဂျက်ဖာဆန်)နှင့် သရေပူးတွဲဖြစ်နေရာမှ အယ်ရန်ဘာ က အိမ်ဖြူတော်သည် သူ့အား အနိုင်ရသူအဖြစ်ကြေညာမည်ဟု ယုံကြည်နေ သည်။ သို့သော် သူရှုံးနိမ်ခဲ့ပြီး သူ၏စိတ်ဝိညာဉ်တွင် ခါးသီးမှုက တစစ်စစ်ထိုးနှက်လာသည်။ Alexander Hamilton (အလက်ဇန်းဒါ ဟမ်မင်တန်) သူ့အား မဲမပေးခဲ့ခြင်းကို တေးမှတ်ထားပြီး ဝမ်းနည်းနာကြည်းမှုကို ဖြစ်စေလျက် နောက် ၄ နှစ်မတိုင်ခင်တွင် အယ်ရန်ဘာသည် ဟမ်မင်တန်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ထိုသို့ ပစ်သတ်မှုအပေါ် အံ့သြတုန်လှုပ်လျက် နိုင်ငံသားတို့မှာ အယ်ရန်ဘာအား ရွံ့မုန်းခဲ့ပြီး ခေါင်းမာပြီး မုန်းဖို့ကောင်းသည့် အဖိုးကြီးအဖြစ် သူ့ဘဝနိဂုံးချုပ်ခဲ့ရသည်။

နိုင်ငံရေးအားပြိုင်မှု လှည့်ကွက်များသည် သမိုင်းတွင် ဝမ်းနည်းစရာကောင်း သည့် အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေသည်။ ဒါဝိဒ်မင်း ကွယ်လွန်ခါနီးတွင် သူ့သားအဒေါနိယသည် ဒါဝိဒ်၏စစ်သည်တော်များကို ပြန်ခန့်ပြီး သူ့ကို ရှင်ဘုရင်အရာ၌ ဘိသိတ်ပေးမည့် ယဇ်ပုရောဟိတ်ကိုလည်း ခန့်ထားသည် (၃ ရာ ၁:၅-၈)။ သို့သော် ဒါဝိဒ်သည် ရှောလမုန်ကို မင်းမြှောက်ရန် ရွေးချယ်ခဲ့သည် (:၁၇)။ ပရောဖက်နာသန်၏အကူအညီဖြင့် ပုန်ကန်မှုကို နှိမ်နင်းခဲ့သည် (:၁၁-၅၃)။ သက်ညှာပြီး သူ့အသက်ကို ချမ်းသာပေးခဲ့သော်လည်း အဒေါနိယသည် ဒုတိယအကြိမ် နန်းလုရန် ကြံစည်သဖြင့် ရှောလမုန်က သူ့ကို အဆုံးစီရင်ခဲ့တော့သည် (၂:၁၃-၂၅)။

မိမိအပိုင်မဟုတ်သည့်အရာကို အလွန်လိုချင်သည့် လူသားများပါတကား။ မည်မျှပင် အာဏာ၊ ဂုဏ်၊ စည်းစိမ်တို့ကို လိုချင်ရယူလည်း အလိုရမက်က “ရပ်တန့်မသွားဘဲ” ထပ်၍သာ လိုချင်သည်။ “လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ”သည့် (ဖိ ၂:၈) သခင်ယေရှုနှင့် တစ်ခြားစီပင်။

မိမိ၏ရည်မှန်းချက်ပန်းတိုင်နောက် အတ္တဆန်စွာ မည်မျှပင်လိုက်လိုက် အစစ်မှန်ဆုံး၊ အနက်ရှိုင်းဆုံး တောင့်တမှုများ မပြည့်ဝနိုင်ပါ။ ရလဒ်အတွက် ထာဝရဘုရားထံ အပ်နှံခြင်းသည်သာ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းအတွက် တစ်ခုတည်းသောလမ်းဖြစ်သည်။