မီရှဲဂရန့်သည် တင်ဘာအမည်ရှိ ဗီဗာဖျံပေါက်လေးတစ်ကောင်ကို သူ့သဘာဝ ဝန်းကျင်သို့ ပြန်ပို့နိုင်ရေး လေ့ကျင့်ပေးခဲ့သည်။ ထို့နောက် ၎င်းကို ရေအိုင်တစ်ခု၌ လွတ်ပေးရာ သူက ကယက်လှေသို့ပြန်လာပြီး နှာခေါင်းနှင့်တို့သည်။ သို့သော် တစ်မနက်တွင် သူပြန်မလာပါ။ မီရှဲက သူလက်မလျော့လိုက်မီ ရေကန်၌ တင်ဘာကို ခြောက်နာရီကြာအောင် ပိုက်စိပ်တိုက်ရှာခဲ့သည်။ ရက်သတ္တပတ်များ အကြာမှာတော့ ဖျံဦးခေါင်းခွံကို တွေ့ခဲ့ပြီး တင်ဘာ၏ဦးခေါင်းခွံဟု ယူဆရသောကြောင့် သူမ ငိုပါတော့သည်။
မီရှဲနှင့် တင်ဘာအတွက် ကျွန်တော့်စိတ်နှလုံးနာကျင်ရပါသည်။ “တော်တော့၊ မေ့ပစ်လိုက်တော့။ အဲ့အကောင်က ရေမှာနေတဲ့ ဖျံကြီးတစ်ကောင်ပဲ” ဟုကိုယ့်ကိုယ်ကိုယ်ပြောခဲ့လည်း ၎င်းကို ကျွန်တော်ဂရုစိုက်သလို ဘုရားသခင်လည်း ဂရုစိုက်ပါသည်။ ဘုရား၏ချစ်ခြင်းမေတ္တာသည် ကောင်းကင်အမြင့်ထိမီပြီး အသေးငယ်ဆုံး သတ္တဝါအထိ နက်နဲပါသည်။ ဖန်ဆင်းခြင်း၏တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ကျွန်ုပ်တို့အားလည်း ထိုတိရစ္ဆာန်များကို အုပ်စိုးစောင့်ထိန်းရန် မိန့်မှာ ထားပါသည် (က ၁: ၂၈)။ ဘုရားရှင်သည် “လူမျိုးနှင့်တိရစ္ဆာန်မျိုးကို စောင့်မတော်မူ၏” (ဆာ ၃၆:၆)။ “မြည်တတ်သော ကျီးကန်းကလေးမှစ၍ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏” (၁၄၇:၉)။
တစ်နေ့တွင် မီရှဲသည် အိမ်နီးချင်း၏ရေကန်တွင် ကယက်လှေစီးရင်း တင်ဘာကို တွေ့လိုက်ရသောကြောင့် အံ့သြသွားရသည်။ သူသည် အခြားဖျံမိသားစုတစ်ခုနှင့်တွေ့ပြီး ဖျံကလေးများကို ကူညီ၍ပြုစုနေပါသည်။ မီရှဲ၏လှေနားတွင် သူပေါ်လာသောအခါ သူမက ပြုံးပြပြီး “မင်းအဆင်ပြေနေပါလား။ မင်းမှာ လှပတဲ့ မိသားစုလေးလည်းရှိနေပြီ” ဟုပြောလိုက်သည်။ သူကလည်း အသံပြန်ပြုပြီး အမြီးကို ခတ်ကာ အမေသစ်ဆီသို့ ကူးခတ်သွားပါတော့သည်။
ပျော်ရွှင်စရာဇာတ်သိမ်းခန်းများ အထူးသဖြင့် ပျော်ရွှင်ဖွယ်ဇာတ်သိမ်းနှင့် ကိုယ့်အကြောင်းကို ကိုယ်ကြိုက်သည်။ ဘုရားသခင်သည် ငှက်များကို ကျွေးမွေးသကဲ့သို့ ကျွန်ုပ်တို့လိုသောအရာများအားလုံးကို ထောက်ပံ့ပေးမည့်အကြောင်း သခင်ယေရှုကတိရှိထားသည် (မ ၆:၂၅-၂၆)။ “သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ … ထို့ကြောင့် မကြောက်နှင့်။ သင်တို့သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြ၏” (၁၀:၂၉-၃၁)။