ဂျန် ငယ်စဉ်က စိတ်စေတနာကောင်းသော သူမ၏ဥပုဒ်စာသင်ကျောင်းဆရာက အတန်းသားများကို ကျမ်းချက်များ အလွတ်ကျက်မှတ်ခြင်းနှင့် ဧဝံဂေလိဝေငှနည်းတို့ ပါဝင်သော ဧဝံဂေလိသင်ခန်းစာကို သင်ကြားပေးခဲ့သည်။ သူမနှင့် သူငယ်ချင်းတစ်ဦးသည် အခြားသူငယ်ချင်းတစ်ဦးအား လက်တွေ့ပြောကြားခဲ့ပြီး အရေးကြီးသောအဆင့် (သို့) ကျမ်းပိုဒ်မေ့သွားမည်ကို စိုးရိမ်ခဲ့သည်။ ထိုညနေက သူငယ်ချင်း၏ အသက်တာပြောင်းလဲခဲ့လား ဆိုသည်ကို ဂျန် မမှတ်မိပါ။ မပြောင်းလဲခဲ့ဟု ထင်ပါသည်။ ချဉ်းကပ်နည်းသည် ပုဂ္ဂိုလ်ရေးထက် ပုံသေနည်းနှင့် ပိုတူပုံရသည်။

နှစ်အတန်ကြာခဲ့ပြီး၊ ယခုတွင် ဂျန်နှင့်သူမ၏ခင်ပွန်းတို့သည် ဘုရားသခင်ကိုချစ်ခြင်းနှင့် ပို၍ ပျူငှာသည့်ပုံပေါ်သည့် နည်းလမ်းဖြင့် သူတို့၏ယုံကြည်ခြင်းကို သူတို့၏သားသမီးများအား စံနမူနာပြလျက် ဝေမျှနေပါသည်။ သားသမီးများကိုဘုရားသခင်အကြောင်း၊ သမ္မာကျမ်းစာအကြောင်း၊ သခင်ယေရှုနှင့်ကိုယ်တိုင် ဆက်သွယ်မှုအကြောင်းများ သင်ကြားပေးရန်အရေးကြီးကြောင်း သူတို့နားလည်ကြသည်။ သို့သော် ဘုရားသခင်နှင့်သမ္မာကျမ်းစာကို ချစ်မြတ်နိုးကြောင်း နေ့စဉ် စံနမူနာပြ အသက်ရှင်မှုဖြင့် သူတို့ပြသနေထိုင်သည်။ သူတို့သည် “လောက၏အလင်း” ဖြစ်ခြင်း၏အဓိပ္ပာယ် (မ ၅:၁၄)၊ ဧည့်ဝတ်ကျေပွန်မှုနှင့် ကြင်နာသောစကားများအားဖြင့် အခြားသူတို့ထံ မည်သို့ ကမ်းလှမ်းအရောက်သွားရမည်ကို လက်တွေ့ပြသခြင်း ဖြစ်သည်။ “ကိုယ်က အသက်နဲ့ဆိုင်တဲ့စကားတွေကို ကိုယ်တိုင်မပိုင်ဆိုင်ထားရင် အခြားသူတွေကို မဝေငှနိုင်ဘူး” ဟု ဂျန်က ဆိုပါသည်။ သူမနှင့်သူမ၏ခင်ပွန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဘဝနေထိုင်မှုပုံစံတွင် ကြင်နာမှု ပြလျက် သားသမီးများကိုလည်း “အခြားသူတို့အား သူတို့၏ယုံကြည်ခြင်းသို့ ဖိတ်ခေါ်ရန်” ပြင်ဆင်ပေးနေခြင်းပင် ဖြစ်တော့သည်။

အခြားသူများကို ရှင်ယေရှုထံပို့ဆောင်ရန် ပုံသေနည်း မလိုအပ်ပါ။ အရေးအကြီးဆုံးမှာ ဘုရားသခင်ကိုချစ်သောမေတ္တာစိတ်က သွေးဆောင်လျက် မိမိမှတစ်ဆင့် ထိုမေတ္တာထွန်းလင်းနေရန်သာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ မေတ္တာဖြင့် အသက်ရှင်ပြီး ထိုမေတ္တာကိုဝေမျှသည့်အခါ အခြားသူများ သူ့အား သိလာရန် ဘုရားသခင် ဆွဲခေါ်နေတော့သည်။